""မောနင်း ဘေဘီ""
"............"
"ဘာဖြစ်"....ရှက်နေတာလား"
"............."
"တို့ အခန်းအပြင်ထွက်ပေးရမလား"
"အင်း"
"Ok" ပြွတ်😘"
နဖူးကို နမ်းကာ ထွက်သွားသော အမျိုးသမီးကို ကြည့်ကာ သက်ပြင်းချမိသည်။ တယ်လည်း အရှက်မရှိသော မိန်းမ မဟုတ်ပါလား။ ကိုယ်ဗလာနှင့်
ဒီတိုင်းထွက်သွားသည်လေ။"မွေးကတည်းက ချက်ကြိုးနဲ့ ရှက်ကြိုး မှားဖြတ်ခဲ့လားမသိ"
"အရှက်ကို မရှိတာ"
တစ်ကိုယ်ထဲ ကြားရုံသာပြောပြီး ညက အဖြစ်အပျက်ကို ပြန်တွေးကာရှက်နေမိသည်။ ခင့်စိတ်များ ယိမ်းယိုင်ခဲ့မိသည်လေ။ ဘာကြောင့်မှန်းမသိသူမ၏ အထိအတွေ့မှာ သာယာမိခဲ့သည်ကို တွေးရင်း နောက်နေ့တွေ နောက်ညတွေ ဘယ်လိုရင်ဆိုင် ရပါ့မလဲတွေးကာ ရှက်မိသည်။
တစ်ဖက်အခန်းတွင်လည်း အူမြူးပိတိဖြစ်ကာ အိပ်ရာပေါ် လွန့်လူးနေသော Roseသည်လည်း ကျေနပ်မှုအပေါင်းသရဖူဆောင်းလျက်။
"ချစ်လိုက်တာ အမျိုးသမီးလေးရယ်"
-----------
"မိအေး" အပေါ်ကို မနက်စာသွားပို့ချည်"
"ဖြစ်ပါမလား ကြီးတင်ရဲ့"
"ဘာဖြစ်လို့လဲ"
"စောနက လှေကားတံမြတ်စည်းလှည်းနေတုန်းလေ....ဟို...ဟို..မမကြီးက ဖင်...ဖင်.. တုံးလုံးနဲ့ ထွက်သွားတာတွေ့လိုက်တယ်"
"ဟင်....ဟုတ်လို့လား"
"သမီးကမဟုတ်ပဲပြောပါ့မလား"
"တော်ကြာ သွားပို့လို့ မမြင်သင့်တာတွေ.....။
"ဟဲ့....တော်...တော်...ပြီးမှပို့လိုက်တော့"
"ဟုတ်"
____________
""ကြီးတင်ရေ""
"ဗိုက်ဆာပြီ""အူမြူးကာ လှေကားထစ်ကိုပင် ခုန်ပေါက်ကာ ဆင်းလာသော သူမကိုကြီးတင်နှင့် မိအေး ပြိုင်တူကြည့်ကာ....
""ထူးထူးဆန်းဆန်း အူမြူးနေပါလား"
"ဟင်း...ဟင်း...ဒီလိုပဲ ကြီးတင်"
"မိအေး...အပေါ်က တစ်ယောက်ကိုသွားခေါ်လိုက်"
YOU ARE READING
မူပိုင် ပြည့်တန်ဆာ...။(Completed)
Non-Fictionမူးယဇ်ဆေးထက် ယဇ်မူးစေနိုင်တဲ့ ခင့် အလှက အထက်တန်းဆန်လွန်းတယ်။