episode 3

6.3K 283 8
                                    


"ရောက်ပြီ ညီမရေ"

"Golden Villa တဲ့လား" ခင် တိုးတိုးလေးရေရွတ်ရင်း ကားပေါ်မှ ဆင်းပြီး မြ နေအိမ် ရှိရာသို့ ခြေလှမ်းစလိုက်သည်။ ခြံဧကများစွာထဲမှာ အိမ်ပေါင်းမြောက်များစွာ အခန်းပေါင်း မြောက်များစွာ ရှိလေသည်။ ကွန်ဒိုခန်းများလည်း မနည်း။ ခင့်အတွက် ဤနေရာဟာ သိပ်ခန်းနာလှသည်။
ခင်သည် ရန်ကုန်မြို့အလွန် ညောင်ကုန်းဟူသော ရွာတွင် နေထိုင်သည် ။
ကြီးပြင်းခဲ့သည် ။ မွေးခဲ့သည် မဟုတ်လား။ ထို့ကြောင့် ဤနေရာ၌နေဖို့ ခင့်အတွက် သိပ်ကြီးကျယ်လှသည်မို့ ခင်အံ့သြသည်မှာ မဆန်း။

မြအခန်းရှိရာသို့ လမ်းညွန်ပေးမည့်လူတစ်ယောက်တော့ ရှာရမည်မို့ အိမ်ရာရှေ့ရှိ ဂိတ်ပေါက်ဝတွင် ထိုင်နေသော လုံခြုံရေး ဦးလေးကြီးအား မေးမြန်းရမည်။

"ဦးလေး မင်္ဂလာပါရှင့် ...အကူအညီလေးတောင်းချင်လို့"

"ပြောလေ သမီး ဘာများကူညီပေးရမလဲ"

"ဟိုဟာလေ... မမမြရတီရဲ့ အခန်းကိုသိလားရှင့်"ဘယ်ဖက်ကို သွားမလဲ"

"အော်...ဟို သမီးမြရဲ့ အသိကိုး..မြကော အဆင်ပြေလား...သတိရသားဗျာ"

"ပြေပါတယ်ရှင့် "

"လာ...ဦးလေး လိုက်ပြမယ်" ဟုပြောရင်း ခင့် ​ရှေ့မှ အရင်ထွက်သွားသောဦးလေးနောက် ခင်လိုက်ရသည်။
လမ်းလျှောက်နေရင်းလည်း မြအကြောင်းကို အားတတ်တရော် ပြောပြနေသေးသည်။

"သမီးမြကလေ သိပ်သဘောကောင်းတာ " ဒီမှာ လူချမ်းသာတွေ အများကြီးရှိပေမဲ့ မြ ကတော့ သိပ်ကြင်နာတတ်တာ၊ အပြင်သွားတိုင်း ပြန်လာရင် ဦးလေးတို့လို လူကြီးတွေဖို့ တစ်ခုခုတော့ ဝယ်လာပေးတတ်တာ" နေမကောင်းရင်လည်း ဆေးတွေပြေးဝယ်ပေးတာနဲ့ ဆေးခန်းပြပေးတာနဲ့ဗျာ။"

ပြောရင်းနှင့် ဦးလေးကြီး ခြေလှမ်းရပ်သွားသည်။

"ရောက်ပြီ သမီး ..အပေါ်တက်သွားလိုက် အပေါ်ဆုံး ငါးလွှာက သမီးမြရဲ့ အခန်းပဲ"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦး"

"ရတယ်... ဒါက ဦးတို့အလုပ်ပဲ "

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now