episode 55

4.5K 267 5
                                    

ထွက်ပြေးလို့ရပါလျက်နှင့် နှင်းထွက်မပြေးမိပါ။ အပြန်အလှန်ချလျင် နိုင်ပါလျက်နှင့် နှင်းဘာမှမလုပ်မိပါ။ 

အဘယ့်ကြောင့်ဆိုသော် ချစ်ရသူမရှိသည့် ဘဝသည် သေသည်ထက် ပို၍နာကျင်ခံစားရသည်ကို သူမကောင်းကောင်းသိသည်။

ထို့ကြောင့် သေရမှာကို သူမမကြောက်။ ခင်မရှိပဲ အသက်ရှင်နေရမည့်အတူတူ သေလိုက်သည်က ပို၍သက်သာရာရမည်ဖြစ်သောကြောင့်ပင်။

""တို့ တစ်ခုလောက်တော့ပြောခဲ့ပါရစေ...""

""တို့ မင်းကိုအရမ်းးအရမ်းးချစ်တာပဲ သိရဲ့လား""

""မင်းသာ တို့မရှိတော့တဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ တို့နဲ့မင်းရဲ့ အတိတ်ကိုမှတ်မိခဲ့ရင်... နောင်တမရှိပဲ ရှင်သန်ပါ"" တို့မင်းကို ခွင့်လွှတ်တယ်ဆိုတာကိုလည်း မင်းသိထားပေး""

ဓားရွယ်နေသော လေဒီယာ့အနားသို့နှင်းတစ်ဖြည်းဖြည်းချဥ်းကပ်သွားရင်း......

""ဘေဘီ ....ဘာလို့လက်ရွံ့နေတာလဲ..ဒီလို လုပ်ရတယ်...ပေးးးး

""မလုပ်.....

ချွန်ထက်နေသော ဓားကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရွယ်ထားသော ထိုလက်ကို အတင်းဆွဲကာ နှင်းကိုယ့်ကိုကိုယ်ဝမ်းဗိုက်ထဲဆောင့်ထိုးသွင်းလိုက်သည်။ နှင်းဆွဲလိုက်သောအားကြောင့်
လေဒီယာ့ခန္ဓာကိုယ်နှင့် ပူးကပ်သွားသည်နှင့်တစ်ပြိုင်နှက် နှင်းလှမ်းဖက်လိုက်သည်။

"'မင်းးးမင်းးက ဒီအနီရောင်ဝတ်စုံလေးနဲ့ သိပ်လှတာပဲ""

နှုတ်ခမ်းများလည်းကော့ညွှတ်ကာ ပြုံးလျက် ......

""တို့မင်းကို တို့အသက်ထက်ပိုချစ်ခဲ့တယ်ဆိုတာ ယုံကြည်""

""ဘာ....ဘာ...ဘာလို့ လုပ်ရတာလဲ...ဘာလို့လဲ....""

""အရမ်းးချစ်ခဲ့မိလို့ဖြစ်လိမ့်မယ် ဘေဘီ... အားး...မင်းသာ တို့ကို သတ်ပိုင်ခွင့်ရှိတယ်...အစကတည်းကနေ တို့က ဒီလမ်းကိုရွေးချယ်နှင့်ခဲ့တာပါ...အ...
ဟူးးး....သိနေပေမယ့်လည်းလို့ မင်းဖြစ်နေလို့ကို တို့.... တို့....

စကားမဆုံးခင်မှာပင် နှင်းလဲကျသွားခဲ့သည်။ လေဒီယာ့မှာတော့ လက်နှစ်ဖက်ဖြင့် ဓားကိုကိုင်လျက်သားနှင့် သွေးပျက်ကာဆွံ့အနေခဲ့သည်။အသိစိတ်မကပ်တော့သည် လူလိုမျိုးကျောက်ရုပ်လိုရပ်ကာ နှုတ်ခမ်းများလည်းတုံယင်နေသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now