episode 33

5.1K 253 2
                                    

နှင်းစေ့စပ်လိုက်သည့် သတင်းသည် ရုပ်သံလိုင်း သတင်းစာ online mediaစသည့် နေရာတိုင်းတွင် ပြန့်နှံ့လျက်။ ဆိုးမိုက်ပြီး ယောင်္ကျားတစ်ကာနှင့် နေချင်သလိုနေသည့် အမျိုးသမီးသည် အမျိုး
သမီးတစ်ဦးနှင့် လက်ထက်မည်ဆိုသောကြောင့် လူစိတ်ဝင်စားမှုများခဲ့သည်။

နှင်းတို့ မင်္ဂလာပွဲကိုထောက်ခံကြသည့် Normal လူများရှိသလို၊  LGBTဟု ခေါ်သည့် လိင်တူချင်းသာ စိတ်ဝင်စားကြသော သူများကလည်း နှင်းတို့ကို ထောက်ခံအားပေးကြသည်။.. တစ်ချို့ကလည်း သဘာဝကိုဆန့်ကျင်သည်ဟု အပြစ်ပြော ရှုံ့ချကြပြန်သည်။နှင်းကတော့ သူမ ပီပီ
ဘယ်သူ့ကိုမှ ဂရုမစိုက် ၊လုပ်ချင်တာကိုတစ်ဇွတ်ထိုးလုပ်သည်။

နှင်း ဖေဖေက အစပိုင်းတွင် သဘောမတူပေမယ့် နှင်း အနေအထိုင်ဆင်ခြင်ပါ့မယ်ဟု ကတိပေးသောကြောင့် အသာတကြည် လက်ခံပေးခဲ့သည်။ပြီးနောက် ရှယ်ယာထိုးကျ
နေသည်ကြောင့်လည်း လက်ခံတာဖြစ်မည်။

""ခင်""
"တို့နဲ့ အပြင်သွားဖို့ပြင်ထား"
"မင်္ဂလာပွဲအတွက် လိုအပ်တာလေးလုပ်ဖို့ရှိတယ်""

"ရှင့်ကိစ္စ ရှင့်ဟာရှင်လုပ်" ကျမ မလိုက်ဘူး" 
""ရှင်ပဲ မင်္ဂလာဆောင်ချင်တာမလား....ကျမဘက်က ဆောင်ကြမယ်လို့ တောင်းဆိုခဲ့တာလည်း
မဟုတ်တော့ စိတ်လည်း မဝင်စားဘူး... "

"မရဘူး" ငါက လိုက်ဆို လိုက်ခဲ့"
"အတွန့်မတက်နဲ့" စကားတွေအများကြီးပြောရတာ တို့မကြိုက်ဘူး"

""တောက်""
"ငါလည်း ဘယ်ချိန်မှ ဒီဝဋ်က ကျွတ်မလဲမသိဘူး"...စိတ်တွေကုန်တယ်""
""

ခင့်တောင်းဆိုမှုကြောင့် စေ့စပ်ပွဲကိုအိမ်မှာပဲ လုပ်ဖြစ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ခင် စိတ်သက်သာရာ ရခဲ့သည်လေ။ 

"ကျမရဲ့ သတို့သမီးလောင်းအတွက် အလှဆုံးနဲ့ အလိုက်ဖက်ဆုံး စီစဥ်ပေးပါ"

"ဟုတ်ကဲ့ရှင့်"
"ဘာအရောင်ပြင်ဆင်ပေးရမလဲရှင့်

"pink"

"ကျမ ပန်းရောင်မကြိုက်ဘူး"

"ဘေဘီကြိုက်ဖို့မလိုဘူး...တို့ကြိုက်ဖို့ပဲ လိုတယ်"..တို့ မင်္ဂလာပွဲလေ...တို့ကြိုက်တာ တို့လုပ်မယ်"

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now