episode 51

4.4K 251 8
                                    

""ဟေးးးး ဘေဘီ ဒီနေ့ထွက်တာ စောသားပဲ""

လေဒီယာ နှုတ်ဆိတ်သာနေလိုက်ပြီး မျက်စောင်းတစ်ချက်သာပစ်ထိုးလိုက်သည်။
တကယ်လည်း မရိုးနိုင် လာလာနိုင် လွန်းသည်။ မောင်းထုတ်လည်းမရ။

""ဘာစားပြီးသွားပြီလဲ ချစ်...ရော့...ဘေဘီ့အတွက် မုန့်ဝယ်လာတယ်""

ဂရုဏာမျက်ဝန်းနှင့် ကြည့်ကာမေးနေသော ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်မိသည်။ ထိုအမျိုးသမီး၏ အကြည့်များက ရင်ထဲဆို့နစ်စေသည် ။

ရင်းနှီးခဲ့ဖူးသည့် မျက်ဝန်းလိုလို၊ မြင်တွေ့ခဲ့ဖူးသည့် မျက်ဝန်းများလို ခံစားနေရပေမယ့် ထိုအမျိုးသမီးနှင့်ပတ်သတ်သော အတိတ် အရိပ်များက လေဒီယာဘဝတွင်ရှိမနေပါ။ နားမလည်နိုင်သော ပုစ္ဆာများက ထိုအမျိုး
သမီးမျက်ဝန်းထဲတွင် ပြသနေသည်။

အခုလည်း ကြင်နာသောမျက်ဝန်းများနှင့် မုန့်ပေးနေသည်။ သေချာသည်က
မယူမချင်းထိုမျက်ဝန်းများဖြင့် ကြည့်ကာ ​အသနားခံနေတော့မှာကို သိသည်။

""ကျမ စားခဲ့ပြီးပြီ...ရှင့်မုန့် ရှင့်ဖာရှင် စားပြီး သွားတော့""
"ကျမ အခု အလုပ်လုပ်နေတယ်..လာမနှောက်ယှက်နဲ့"

""ဟင်း...."
"အိုခေ...တို့ ငေးကြည့်နေခွင့်တော့ရှိတယ်မလား"

"အဲဒါကတော့ ရှင့်အကြောင်းနဲ့ ရှင့်သဘော...ကျမကို မနှောက်ယှက်ရင်ရပြီ"

"အိုခေ....တို့ ဟိုမှာထိုင်ပြီးကြည့်နေမယ်"

မျက်စောင်းသာထိုးကြည့်လိုက်ကာတုံ့ပြန်လိုက်တော့ အလိုက်တသိ ပြုံးကာထွက်သွားလေသည်။

တစ်ညလုံးထိုင်ကာ မျက်တောင်မခက်မငြီးမငွေ့ကြည့်နေသော အမျိုးသမီးက လေဒီယာ အာရုံကိုဖမ်းစားလို့နေသည်။ သေချာကြည့်မှ ထိုအမျိုးသမီးအသက်မသိပေမယ့် ချောမောလွန်းနေ
သည်ကိုတော့သိလိုက်ရသည်။ ဖြောင့်ရှင်းသောနှာတံ sexyကျသော ခန္ဓာကိုယ်နှင့် စွဲဆောင်မှုကောင်းလွန်းသည်။ အင်မတန်ချောသည့် မျက်နှာသွင်ပြင်ရှိသည်ကိုတော့ သတိထားမိသည်။ 

တစ်စိမ့်စိမ့်ငေးကြည့်နေသော ထိအမျိုးသမီး၏ မျက်ဝန်းများထဲတွင်လွမ်းရိပ်သန်းနေသည်။ တစ်စုံတစ်ခုကိုမျှော်လင့်နေသယောင်နှင့် သေချာအာရုံစူးစိုက်ပြီးကြည့်လိုက်လျှင် မျက်ဝန်းများက ဆွေးနေသည်။ 

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now