episode 53

4K 227 9
                                    

""ဟုတ် ဖေဖေ""

""သမီး!! ပြန်လာပါ​တော့""
""ဖေဖေတစ်ခြားနည်းလမ်းနဲ့ လုပ်ပေးပါ့မယ်""
""ဖေဖေ့ အိမ်မက်တွေမကောင်းဘူး..သမီးကို အဖေစိုးရိမ်တယ်""
""ပြန်လာလိုက်ပါတော့ နော်""

""ဟင့်အင်း...ကျမ ခင်မပါပဲ ပြန်မလာဘူး"" ခင်မရှိပဲမနေနိုင်တဲ့ ကျမဘဝကို ဖေဖေနားလည်ပေးပါ""
""ကျမ သေလိမ့်မယ်...ခင်မရှိရင် မနေနိုင်ဘူး ဖေဖေ""

"ဖေဖေနားလည်ပါတယ်...ဒါပေမယ့်သမီးလည်း ဖေဖေ့ရဲ့ အဖိုးတန်တစ်ယောက်အပြင်မရှိတဲ့ သမီးလေ""
""အဖေ့ရဲ့ ခံစားချက်ကိုလည်း ငှဲ့ညှာပါအုံး""

""စိတ်မပူပါနဲ့ ကျမ ဘာမှမဖြစ်ပါဘူး... ဂရုစိုက်ပြီးနေပါ့မယ်"" ဖေဖေသာ ကျန်းမာရေးကို ဂရုစိုက်ပါ""
""ကျမအတွက်ဘာမှ ပူပင်မနေပါနဲ့...ကျော်ကြီးတို့လည်းရှိတယ် မြလည်းရှိတယ်""

""..............""

ဦးမျိုးမြင့် ခေါင်းမာလွန်းသော သမီးဖြစ်သူကို ပြောစရာစကားပင်ရှာမတွေ့တော့ပဲ တိတ်ဆိတ်နေမိသည်။

""ပြောစရာမရှိရင် ဒါပဲနော်....ချစ်တယ်ဖေဖေ""

ဒီနေ့ကျမှ နှင်းနေရတာ အဆင်မပြေပါ။ ရုရှားသို့ရောက်သည်မှာ ခြောက်လခန့်ပင်ရှိပြီ။ ဒီရက်တွေမှာလည်း ခင်နှင့် ဆက်ဆံရေးအဆင်ပြေတိုးတက်လာသည်။ နှင်းဖေဖေကတော့ နေ့တိုင်းဆိုသလို ပြန်လာဖို့ခေါ်နေပေမယ့်

အဆင်ပြေလုနေပြီဖြစ်သော ခင်နှင့်ဆက်ဆံရေးကို မရပ်တန့်ချင်ခဲ့။
ဒီနေ့ကျမှ ဖေဖေစိုးရိမ်နေသလို တစ်ခုခုဖြစ်တော့မည့် အငွေ့အသက်ရနေပြန်သည်။ နေရတာ အသက်ရှူကြပ်သလိုလို တစ်ခုခုကို စိတ်အလိုမကျဖြစ်နေသည်။ ညနေ ခင်နှင့်လည်းချိန်းထားသေးသည်။ မသွားလို့လည်းမဖြစ်သောကြောင့် သွားရအုံးမည်။ ခင့်မျက်နှာကိုတွေ့ချင်သည်ကြောင့်လည်းပါသည်။ တိုးတက်လာသော ဆက်ဆံ
ရေးကို နှင်းလက်လွှတ်အဆုံးရှူံးမခံနိုင်ပါ။

""နှင်း..... ဒီနေ့အိမ်မှာပဲနေလို့မဖြစ်ဘူးလားဟင်""

""ဟာ...မြကပါဘာဖြစ်ပြန်တာလဲ""

""ကျမက စိုးရိမ်လို့ပြောနေတာ ကျမပြောစကားကို တစ်ခါလောက်လေးနားထောင်ပေးလို့မရဘူးလားဟင်""

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now