"တို့ တောင်းပန်ပါတယ် ခင်ရယ်"
"စိတ်ကောက်ပြေပါတော့နော်"နှင်း ခင့်ကို လိုက်ချော့နေသည်မှာ တစ်ပတ်ခန့်ပင်ရှိပြီ။ အခုထိ စကားတစ်ခွန်းမှ မပြောသေး။ မျက်နှာချင်းဆိုင်တွေ့မိရင်လည်း ရှောင်ထွက်သွားသည်။
""တောင်းပန်ပါတယ် ခင်ရယ်"
"အဲဒီနေ့က တို့ စိတ်တွေရှုပ်နေလို့
မရည်ရွယ်ပဲ ရိုက်လိုက်မိတာ"
"ခင် မကျေနပ်ရင် တို့ကို ပြန်ရိုက်ပါ"
"နော်.....နော်လို့"ခင်လက်ကို အတင်းဆွဲကာ ရိုက်ခိုင်းလေတော့သည်။
"ဖယ်စမ်း" လွှတ်စမ်း"
"လာလည်းမတောင်းပန်နဲ့"...စိတ်လည်းမဆိုးသလို စိတ်လည်း မကောက်ဘူး""
"ဟက်" ကျမကပဲ ကိုယ့်အဆင့်ကိုယ်မသိခဲ့လို့ ဖြစ်သွားတာ"
"ကိုယ့်ကိုကိုယ် ပြည့်တန်ဆာဆိုတာမေ့သွားပြီး ရှင့်ကို ဂရုဏာနည်းနည်းပိုခဲ့မိတာကိုက ကျမ အမှား"""ခင်""!!!!
"ကိုယ့်ကိုယ်ကို ပြည့်တန်ဆာလို့ မသုံးစမ်းနဲ့" ငါ မကြိုက်ဘူး""ရှင်ပဲ ကြိုက်ခဲ့လို့ ငွေကုန်ခံပြီး
အိမ်ပေါ်ထိ ခေါ်တင်ထားတာမလား"
"ကျမက ဖာ" ရှင်က ဖာချသူ....""ဖြန်း"
ခင့်စကားပင် မဆုံးသေး နှင်းလက်ဝါးက ပါးပေါ်ရောက်လာပြန်သည်။
"ဒီတစ်ခါက တို့ ရည်ရွယ်ချက်ရှိရှိရိုက်တာ" စိတ်ဆိုးလည်းမတတ်နိုင်ဘူး"
"နောက်တစ်ခါ မင်းကိုယ်မင်း ပြည့်တန်ဆာလို့ သုံးကြည့်" စကားမပြောနိုင်အောင် လုပ်ပစ်မယ်"
"မင်းက ပြည့်တန်ဆာဆိုရင်တောင်ငါ့ရဲ့ မူပိုင်ပြည့်တန်ဆာပဲ ဖြစ်ရမယ်"
"မြဲမြဲမှတ်ထား""နေ့တိုင်း ချစ်တယ် တစ်ဖွဖွပြောပြီးပါးရိုက်ဖို့ကျတော့ ဝန်မလေးဘူးတဲ့"
"အင်းပေါ့လေ" မြေကြီးထဲက ထင်တိုင်းကြဲတဲ့ လောက်တွေပဲကို"
"အချိန်တန်တော့လည်း အထက်စီးကပဲပေါ့"
"အဲတော့ ဘယ်တော့မှ
ကျမဘက်က ရှင့်ကို ချစ်လာမှာမဟုတ်ဘူးဆိုတာ သိထားလိုက်"
"အချိန်တန်လို့ ပါးရိုက်ခံရတဲ့ ဆက်ဆံရေးပဲကောင်းတယ်""
"ကျေးဇူးပဲ" အခုလိုမျိုး ကျမပါးကိုရိုက်ပေးတဲ့ အတွက်"တင်းမာသွားသော ခင့်မျက်နှာသည်ဆုံးဖြတ်ချက်ပြတ်သားမည့် မျက်နှာထားမျိုးပင်။ နှင်းသည်လည်း ဒေါသထွက်ကာ အပေါ်သို့တတ်သွားလေသည်။
YOU ARE READING
မူပိုင် ပြည့်တန်ဆာ...။(Completed)
Non-Fictionမူးယဇ်ဆေးထက် ယဇ်မူးစေနိုင်တဲ့ ခင့် အလှက အထက်တန်းဆန်လွန်းတယ်။