episode 40

4.9K 257 5
                                    

""အောင်ခန့် အခြေအနေဘယ်လိုရှိလဲ""

"အခြေအနေက မမကြီး ထင်ထားသလိုပါပဲ"

"အင်း...ကောင်းတယ်"
"ငါ့ကို သေနတ်ပေးစမ်း"

"ဟုတ်...ဒီမှာပါ"
"မမကြီး ဝင်ကြည့်မလို့လား"

"အင်း...အပြတ်ရှင်းလိုက်တော့မလို့"

နှင်းတံခါးနှစ်ချပ်ကို ခြေထောက်ဖြင့် ဆောင့်ကန်ကာ ဖွင့်လိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းများက နှင်းကို ကျေနပ်
စေသည်။ အဝတ်စားမပါသော
ယောင်္ကျားသားများ၏ ဖရိုဖရဲ
ဖြစ်နေသောကြောက်ရွံ့နေသည့် မျက်နှာကို ကြည့်ကာ တစ်ချက်အော်ရယ်လိုက်ရင်း....

"ဟား...ဟားဟား... ဟား...
"ဘယ့်နှယ်ရှိစ....ကိုယ်ချင်းစာတတ်​ကြပြီလား"

""မ..မမကြီး ကျွန်တော်တို့တောင်းပန်ပါတယ်ဗျာ"

"ကျွန်တော်တို့ ဘာအမှားလုပ်မိလို့လဲဗျ"..ဒီနေ့ဒီချိန်ထိ မမကြီးအလုပ်ကိုသစ္စာရှိရှိနဲ့ အလုပ်လုပ်ခဲ့တာ"

"ကျွန်တော်တို့ ဘာအပြစ်လုပ်မိလို့လဲဗျာ"

"ကျစ်....နားငြီးတယ်"
"ယောင်္ကျားကြီးတွေဖြစ်ပြီးတော့ ဒီလောက်လေးနဲ့ ငိုမနေကြစမ်းနဲ့"
"နားခါးတယ်"

"ကျွန်တော်တို့ ဘာအပြစ်လုပ်မိလည်းမသိပေမယ့် ကျွန်တော်တို့ကို ချမ်းသာပေးပါဗျာ..."

"ကျွန်တော်တို့မှာ မိသားစုတွေရှိပါသေးတယ်​ဗျာ"

"မိသားစု ဟုတ်လား....မိသားစုစိတ်ဓာတ်ရှိရင် နင်တို့ အဲလိုရွံစရာ လုပ်ရပ်တွေလုပ်ရဲမှာမဟုတ်ဘူး"

"ကျွန်တော်တို့ ဘာလုပ်မိလို့လဲဗျာ....မမကြီးအထင်လွှဲနေတာဖြစ်လိမ့်မယ်"

"လွန်ခဲ့တဲ့ ၇နှစ်လောက်က နင်တို့တွေ နှမချင်း မစာမနာ အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တယ်ဆို ဟုတ်လား...မဟုတ်ဘူးလား...ဖြေကြစမ်း"

"ဗျာ!!!

"ပြီးတော့ ကိုယ်ဝန်သည်ကိုမှ ရက်ရက်စက်စက် လုပ်ရက်ကြတဲ့ အောက်တန်းစားတွေ"

"မှား...မှား..ပါတယ်ဗျာ"

"ကျွန်တော်တို့ မူးလို့ ကျူးလွန်မိသွားတာပါ"

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now