episode 37

4.9K 270 6
                                    

"ငါ...ငါက ခင့်ကို လုပ်တဲ့လူတွေကို ကာကွယ်ပေးနေခဲ့မိတာလား""

"ခင် ဒီလိုဖြစ်ရတာ ငါ့ပယောဂလည်း မကင်းဘူး"

"တို့...တို့တောင်းပန်ပါတယ် ခင်ရယ်"

"တို့က အဲဒီလို ရွံစရာကောင်တွေကို ကာကွယ်ပေးခဲ့မိတာ"

နှင်း မနည်းအားယူကာ အိမ်သို့ပြန်လာခဲ့သည်။ ဝမ်းနည်းသလိုအပြုံးမျိုးပြုံးကာ အိမ်ထဲသို့ ဝင်ခဲ့လေတော့....

"ဘယ်သွားနေတာလဲ နှင်း"
"မနက်ကတည်းက ထွက်သွားတာ မိုးချုပ်မှ ပြန်လာတယ် ဟုတ်လား"

"တို့ တောင်းပန်ပါတယ် ခင်"
"အလုပ်ကိစ္စမပြီးပြတ်သေးလို့ ကြာသွားတာ"

"အင်းပါ...နောက်ကြာမယ်ဆို ဖုန်းတော့ဆက်ပေါ့"...စိတ်ပူရတယ်"

"ဟုတ်ကဲ့ပါ မိန်းမရယ်...တို့ ဗိုက်ဆာနေပြီ"

"လာ...ကျမလည်း မစားရသေးဘူး" ...စောင့်နေတာ.."

အရှေ့မှသွားနှင့်သော ခင့် နောက်​ကျောကိုကြည့်ကာ နှင်းမျက်ရည် ဝဲလာပြန်သည်..။အလိုလို ဝမ်း နည်း စိတ်တွေ ဖြစ်ပေါ်လာပြီး... ကိုယ့်ကိုယ်ကိုအပြစ်မကင်းသလိုခံစားရသည်။

"ပြီးတော့ ပြောအုံးမယ် သိလား"

"အင်း...ပြောလေ"

"နှင်း အဝတ်ကို လုံလုံခြုံခြုံဝတ်သင့်ပြီ"

ထမင်းပလုပ်ပလောင်းနှင့် ပြောလာသော မိန်းမဖြစ်သူကို နှင်းတစ်ချက်ကြည့်ကာ....

"ဘာဖြစ်လို့လဲ"...အရင်ကလည်း ဒီလိုပဲ ဝတ်နေကျကို"

"ဒါဖြင့် ကျမကိုလည်း အရင်က လုပ်ပြီးပြီဆိုတော့ နောက်မလုပ်နဲ့တော့"

"ဟင်...ဘေဘီကွာ..မဆိုင်ပဲနဲ့"

"နှင်း အတိုအပြတ်ဝတ်တာ ခင်မကြိုက်ဘူး"...ပြီးတော့ ရှင်က အိမ်ထောင်ကျပြီးပြီလေ"

"အခု အူတိုနေတာလား..ဘေဘီက"

"အူမတိုတတ်ဘူး...အူပဲပုပ်တတ်တာ "

"စားစရာရှိတာ မြန်မြန်စားပြီး ရေသွားချိုးတော့..."

"ဟုတ်ကဲ့ မိန်းမ"

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now