episode 48

4.4K 256 6
                                    

""လေဒီယာ....ငါ့ကို ကြည့်စမ်း""

အသက်မရှိသောမျက်လုံးနှင့် အမိန့်အတိုင်းကြည့်လိုက်သော လေဒီယာ။

""မင်းကိုတာဝန်ပေးထားတဲ့အလုပ်ကို ဘာလို့လွှဲချော်အောင် လုပ်ခဲ့တာလဲ""
"လွဲချော်အောင် လုပ်ခဲ့ရတဲ့ခိုင်လုံတဲ့ အကြောင်းပြချက် ငါ့ကိုပြောစမ်း"

""အဲဒီကောင်နဲ့နီးစပ်ဖို့ ငါဘယ်လောက်ကြိုးစားခဲ့ရလည်း မင်းသိရဲ့သားနဲ့"

"ကျမ မရည်ရွယ်ပါဘူး...မိန်းကလေးတစ်ယောက်က ဝင်နှောက်ယှက်သွားတာ""

"ဘယ်သူလဲ...ဘယ်ကလဲ...ပြောစမ်း"

"လူမှားသွားတာပါ မမ"

""ဒီတစ်ခါတော့ခွင့်လွတ်ပေးလိုက်မယ်...နောက်တစ်ပတ်သူပြန်လာရင် ရအောင်အမိဖမ်း.....သွားအိပ်တော့"

"ဟုတ်ကဲ့...မမ"
""ဟို..ဟို..မမ"

"ဘာလဲ"

"ဒီည လေဒီယာနဲ့လာအိပ်မယ်မလားဟင်"

"ဟက်.....မင်းနဲ့ လာအိပ်စေချင်တယ်ပေါ့လေ"

"ဟုတ်"

"ငါ အိပ်ချင်တဲ့ချိန် လာအိပ်မယ်""
""သွားအိပ်တော့""

လေဒီယာ အခန်းထဲဝင်လာပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ ကုတင်ပေါ်ဗုန်းခနဲ လဲချလိုက်သည်။ စောနက သူတွေ့ခဲ့သော အမျိုးသမီးနှစ်ယောက်
ကို ပြန်တွေးကာ ရင်ထဲမကောင်းဖြစ်မိသည်။ လက်နက်မှောင်ခိုဂိုဏ်းမှ အရေးပါသူလူတစ်ယောက်နှင့် မမကရင်းနှီးအောင် လုပ်ဖို့ စေခိုင်းခဲ့သော​ကြောင့် လေဒီယာတာဝန်ထမ်းဆောင်
နေချိန် ရုတ်တရက်လာဖက်သော အမျိုးသမီးကို တွေ့တွေ့ချင်း ရင်ထဲမကောင်းဖြစ်ခဲ့ရသည်။ အမျိုးအမည်မသိသောလှုပ်ခက်မှုတစ်ခုက သူမကို အကြောင်းပြချက်မရှိပဲ ဝမ်းနည်းစေခဲ့သည်။ 

ထိုအမျိုးသမီးက လိုက်ခဲ့မလားဆို၍တမင်တကာ စျေးခေါ်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးဖြစ်နေတာကြောင့်လည်း ပါသည်။ ပြီးနောက်မသိစိတ်များကလည်း လိုက်ခဲ့ရန်တွန်းပို့နေသည်။ ပုံမှန်ဆို မမအမိန့်မှလွှဲ၍ မည်သူ့နောက်ကိုမှ လိုက်လေ့လိုက်ထမရှိသော သူမသည် ထိုသူစိမ်း
အမျိုးသမီးနောက်သို့ မည်သည့်သောစိတ်မျိုးနှင့် လိုက်သွားမိသလဲ ကိုယ့်ကိုကိုယ်ပင် မသိလိုက်ပါ။မသိစိတ်ကလည်း ထိုအမျိုးသမီးနှင့် ရင်းနှီးသလို
ခံစားရသည်။ ထိုအမျိုးသမီးမျက်နှာကို မြင်လိုက်ရချိန် ရင်ဘက်ထဲ စူးခနဲ့အောင့်တက်သွားသေးသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now