episode 41

4.9K 260 5
                                    

""မ""

""ရှင့်...တို့နားထောင်နေတယ်"

"ချစ်လားဟင်...ခင့်ကို"

"အများကြီးချစ်"

"အကူအညီတစ်ခုလောက် တောင်းချင်တယ်"

"ဟင်....ပြောကြည့်လေ"
"တစ်ခုမဟုတ်ဘူး...အများကြီးတောင်းလဲ ရတယ်...စိတ်မဆိုးဘူး"

"ကလေးတစ်ယောက်ကို ရှာပေး"

"ဘယ်လို...ဘယ်က...ဘယ်သူလဲ...ခင်နဲ့ ဘယ်လိုပတ်သတ်လဲ"

နှင်း စိုးရိမ်သွားသည်..။ခင့်အကြောင်းသူမ မသိသေးတာ တစ်ခုခုများရှိနေသေးသလားဟူ၍။ 

"အမေးမြန်းထူလိုက်တာ"
""မြရဲ့ ကလေးကို"

"ဟင်...ဟိုတစ်ယောက်ရဲ့ကလေး""ဟုတ်လား"

"အင်း...ကူညီနိုင်မလားဟင်"
"မကူညီနိုင်ရင်လည်း ခင် ကိုယ့်....

"ရှာ...ရှာ..ရှာပေးပါ့မယ်".....အဲဒီအစား...ဘေဘီ မကို တစ်ခုပြန်ပေးရမယ်"

"လုပ်ပြီ...ဘာလဲပြောကြည့်ပေါ့"

"ဟို...ဟိုဟာ...ဟိုဟာလေ...

"ဘယ်ဟာလဲ....ပြောမှာဖြင့်ပြောစမ်း"

"က...ကလေးမွေးပေးလို့.."

"​ကြေးမကြီးလွန်းဘူးလား ဒေါ်နှင်းမြသန္တာ"

"ဟင်...ခင်က ကြေးကြီးတယ်ထင်လို့လား"....လူရှာရတာ ဘယ်လောက်ခက်လဲ ဘေဘီမသိပါဘူး"

"ကောင်းပြီလေ.... နှစ်ရက်အတွင်း ခင့်ဆီခေါ်လာပေးနိုင်ရင် မ လိုချင်တဲ့ ဘေဘီသေးသေးလေးမွေး​ပေးမယ်"

"ဝိုး....ကြိုက်တယ်...စိန်လိုက်လေ ဘေဘီ""...ကတိနော်..."

နှင်းလူလည်ကျသည်ကို ခင် မသိလိုက်ပါ။ မြကလေးဘယ်မှာရှိသလဲသိနေခြင်းသည် ကျောက်မတူးပေမယ့်ကျောက်အောင်သည့် အဖြစ်မျိုးမဟုတ်ပါလား။ နှင်းအတွက် ထိုသို့သောအရာမျိုးက မခက်ခဲ။ 

""ဟယ်လို...ကျမဆီ ဟိုကလေးကိုနှစ်ရက်အတွင်း ရောက်အောင်ခေါ်ခဲ့ပေးပါ""

""ခြေရာလက်ရာ လုံးဝကျန်ခဲ့လို့ မဖြစ်ဘူးနော်""

==========

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now