episode 45

4.2K 255 4
                                    

!!!!ခင်!!!!

"နှင်း...အိမ်မက်ဆိုးတွေမက်ပြန်ပြီလား"

ချွေးစများပင် ရွှဲနစ်လျက် နှင်းတစ်ယောက် လန့်နိုးလာသည်။ ဒီလိုအိမ်မက်ဆိုးများမက်နေသည်မှာ ညတိုင်းလိုလိုပင်။ အိပ်ရမှာပင်သူမကြောက်လာသည်။

""ရေ..ရေ"

"ရော့..ဒီမှာ သောက်လိုက်"
"စိတ်ကို အခုထိမလျှော့နိုင်သေးဘူးလား နှင်း"
"ဒီပုံစံအတိုင်းဆို နှင်းကျန်းမာရေးထိခိုက်လိမ့်မယ်"

"မြ"

"ဟင်"

"ခင့်သတင်းဘာထူးသေးလဲ"

"ထုံးစံအတိုင်းပါပဲ နှင်းရယ်"
"မြလည်း ကြိုးစားရှာနေပါတယ်"

"ခင်....ခင်  ဘာမှမဖြစ်လောက်ပါဘူးနော်....သူ...သူ..သာတစ်ခုခုဖြစ်သွားရင် ကျမ..ကျမ ရူးသွားလိမ့်မယ်"

"စိတ်အေးအေးထားစမ်း နှင်း"
"ခင် အဆင်ပြေမှာပါ..."

"၂နှစ်ရှိပြီ မြရဲ့....၂နှစ်ရှိပြီလို့"
""အခုချိန်ထိ ခင့်အရိပ်အယောင်တောင် မမြင်ရသေးဘူး""
"ဘာအစအနမှလည်း မတွေ့ဘူး"
""အဆင်ပြေတာကောဖြစ်နိုင်ပါ့မလားဟင်""

အခုလည်း မျက်ရည်ထွက်ပြီး နှင်းတစ်ယောက်ငိုမိနေပြန်သည်။ ခင် မရှိတော့သည့်နောက်ပိုင်း နှင်းတစ်ယောက်တစ်ငိုငိုတစ်ရယ်ရယ်နှင့် စိတ်သိပ်မူမမှန်တော့ပေ။ ညလည်း ပုံမှန်
မအိပ် အစားလည်း ပုံမှန်မစားတော့ပေ။ 

ခင့်ဘဝ ယခုလိုဖြစ်သွားရခြင်း
က နှင်းကို လိပ်ပြာမလုံစေပါ။ ဒါတွေအားလုံး နှင်းပဲအစပြုခဲ့သည့် ပြသနာမဟုတ်လား။ ခင်မရှိသော နေ့ရက်တိုင်း အသက်ရှင်ဖို့
နှင်းအတွက် ခက်ခဲလွန်းလှသည်။ မှားယွင်းသောအတွေးများတွေးမိတွေးရာ လုပ်မိလုပ်ရာ လုပ်လိုက်ချင်ပေမယ့် ခင့်ကို
ရှာရမည်ဆိုသော အသိစိတ်ကပဲ
နှင်းကို ရှင်သန်စေသည်။

မြလည်း စိုးရိမ်ပေမယ့် နှင်းရှေ့မှာတော့ စိတ်ဓာတ်မာကြောသလိုနေပြရသည်။ နှင်း ယခုလိုဖြစ်နေချိန် မြကပျော့ညံ့လို့မဖြစ်။ ခင့်ကိုရှာရန် မြအားအာဏာအစွမ်းကုန်ပေးထားသည်။
မြလည်း အစွမ်းကုန်ရှာပေမယ့် ဒီနေ့ဒီချိန်ထိ ခင့် သတင်းအစအန ဘာမှမကြားမသိရသေး။ ခင်နှင့်အတူ ခင့်ကိုခေါ်သွားသော ယွန်းဆိုသည့် မိန်းမယုတ် သတင်းလည်း လုံးဝမကြားတော့ပေ။ စုံစမ်းလို့လည်း မရ။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now