ဒီနေ့သည် နှင်း မာမား၏ နှစ်ပတ်လည်နေ့တဲ့...။ နှင်း မေမေသည် တရုတ်မလေးမှန်း ကြီးတင်တို့ ပြောပြမှ သိရသည်။ ဒါကြောင့်လည်း နှင်း အသားအရည်က ဘဲဥအခွံလို ဖြူဖွေးနေတာဖြစ်လိမ့်မည်။
တရုတ်ထုံးတမ်းဓလေ့အတိုင်း ပြင်ဆင်ခင်းကျင်းထားသည်။ နှင်းသည်လည်း အနက်ရောင်သာ ဝတ်ထားပြီးငူငူငိုင်ငိုင်နှင့် ထိုင်နေသည်။"သမီး" ဂေဟာကို ဘယ်နှစ်နာရီ
လာမယ်လို့ ဖုန်းဆက်ထားရမလဲ""ခါတိုင်းလို အချိန်ပါပဲ " နှင်း ခနနေရင် သွားတော့မယ်"
"တစ်ယောက်ယောက်ကို ခေါ်သွားလေ"..လူတော့ လိုမှာပေါ့"
"မလိုဘူး....ဟိုမှာ ကလေးတွေ များတယ်"
"အင်း...အင်း"
____________
"ခင်...."
"ဟုတ် ကြီးတင်"
"နှင်းနဲ့ လိုက်သွားလိုက်ပါလား"
"သမီးကိုဆို ခေါ်လောက်မှာပါ""ဟုတ်ကဲ့" ပြောကြည့်လိုက်ပါ့မယ်"
"ဒါနဲ့ နှင်းမေမေဆုံးတာ ဘယ်နှစ်နှစ်ရှိပြီလဲ"
"ဆယ့်ငါးနှစ်ပြည့်ပြီကွယ်"
"နှင်း မေမေ ရှိတုန်းက ပုံစံကိုများ
ခင့်ကို မြင်စေချင်လိုက်တာ"
"ရိုးရိုးယဥ်ယဥ်လေးနဲ့ အေးအေးချမ်းချမ်းလေး"ယခုလိုမျိုး နှင်းမျက်နှာလေး မကောင်းတော့လည်း ခင့်စိတ်ထဲ အလိုလို ဝမ်းနည်းသလိုဖြစ်ရသည်။အမြဲတမ်း ခင့်ရှေ့တွင်
ပြုံးပြနေတတ်သော သူမမျက်နှာသည် ယနေ့တွင်တော့ လငါးပုပ်ဖမ်းနေသည်။"ကျမလည်း လိုက်ချင်တယ်"
နှင်းကားပေါ်တတ်ခါနီး တောင်းဆိုလိုက်သည်။ ခါတိုင်း ပြုံးပြုံးလေးနေတတ်သော အမျိုးသမီးသည် မျက်နှာလေး ညိုးငယ်လျက်........
""သဘောလေ"
တစ်လမ်းလုံး တိတ်ဆိတ်နေသည်။ကားထဲတွင် ထိုင်နေသော အမျိုးသမီးနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် စကားတစ်ခွန်းမှ မပြောကြ။
နှင်းသည်လည်း ပူဆွေးခြင်းများစွာနှင့်။ ခင်သည်လည်း အတွေးပေါင်းများစွာနှင့်။ ဂရုဏာရင်ခွင်ဟူသောမိဘမဲ့ဂေဟာ ရောက်သည်အထိပင်။
YOU ARE READING
မူပိုင် ပြည့်တန်ဆာ...။(Completed)
Non-Fictionမူးယဇ်ဆေးထက် ယဇ်မူးစေနိုင်တဲ့ ခင့် အလှက အထက်တန်းဆန်လွန်းတယ်။