episode 54

3.5K 182 1
                                    

""အရက်ကို ဘာလို့များကြိုက်ကြလဲမသိဘူးနော်""
""တစ်ခါတစ်လေတော့လည်း ရယ်ရတယ်....လူတွေက ခါးသက်သက်ပူဖျင်းဖျင်းအရည်လေးကို သောက်ပြီး မူးရူးဘဝပျက်နေကြတာ ထူးဆန်းတယ်နော်""

""ခင် သိလား....အရက်က သိပ်အထီးကျန်တဲ့လူတွေကပိုသောက်ကြတယ်ဆိုတာ...."

"ကျမကို ခင်လို့မခေါ်နဲ့လို့ပြောထားတယ်လေ""

""တို့က ခင့်ကို ခင်...လို့ခေါ်တာဘာဖြစ်လို့လဲ...တစ်ခြားအမည်နာမတွေ ခင့်ကိုတပ်ပြီးမခေါ်ချင်ဘူး...ခင်က တို့အတွက် ထာဝရမြတ်နိုးရာ ခင်ပဲ""

"ထားလိုက်ပါတော့...
""ကျမ အတိတ်မှာ ရှင့်ကိုချစ်ခဲ့ဖူးသလားဟင်""

""အခု လက်ရှိကျမအမြင်မှာတော့ ရှင်က ကျမရဲ့Typeမဟုတ်ဘူး""
""ဒါမှမဟုတ်...  အတိတ်မှာတုန်းကလည်း ရှင်က ကျမကို တစ်ဖက်သက်များးးး......

""နိုးးးးးဘေဘီ...မင်းတို့ကို ဘယ်လောက်ထိ ချစ်ခဲ့လဲဆိုတာ တို့ပြောပြရင် မင်းရှက်သွားလိမ့်မယ်...

""မင်းနဲ့တို့ ညတိုင်းး ညတိုင်းး....

Rose လေဒီယာ့တစ်ကိုယ်လုံးကို တစ်ချက်ကြည့်လိုက်ကာ လျှာသပ်ပြလိုက်ပြီး လေဒီယာ့မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ သူမအကြည့်များကိုရှောင်ဖယ်သွားသော မျက်ဝန်းများမှာရှက်သွေးဖြာနေမှန်း အကဲခက်မိလိုက်သည်။

""ညတိုင်းးးးဘာဖြစ်လဲ ပြောကြည့်လေ...""

လေဒီယာ မျက်နှာလွှဲလိုက်ကာ ခပ်တိုးတိုးရှရှလေးဖြင့် စပ်စုလိုက်သည်။

""အတွင်းကျတဲ့ အရာတွေထိ လေဒီယာက နားထောင်ချင်လို့လား""

မျက်နှာလွဲနေသော အမျိုးသမီး၏ မေးလေးကိုကိုင်ကာ ဆက်ခနဲဆွဲလှည့်လိုက်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။ နီးကပ်လွန်းသော အကြည့် နီးကပ်လွန်းသော မျက်နှာ ထိကပ်နေသော ရင်သားနှစ်စုံတို့သည် ဘယ်ခရီးသို့ခေါ်ဆောင်သွားမည်ကို ကြိုတင် မှန်းဆလို့မရနိုင်တော့ပါ။
အကြည့်ချင်းဆုံပြီး တစ်ဖြေးဖြေးနီးကပ်လာသော နှုတ်ခမ်းတစ်စုံနှင့် ထိုချဥ်းကပ်လာသော နှုတ်ခမ်းကို ငေးကြည့်မှင်သက်နေသော မျက်ဝန်းတစ်စုံတို့သည် ရင်ထဲလှိုက်ဖိုစရာကောင်းနေသည်။ ရုန်းထွက်ဖို့ မကြိုးစားမိသော လေဒီယာသည်လည်းထိကပ်လာသောနှုတ်ခမ်းသားများအောက်တွင် စီးမျောနေမိသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now