episode 22

5.7K 273 4
                                    


မြ ဒီနေ့လည်း မလုပ်ချင်သည့် အလုပ်ကို လုပ်ရအုံးမည်။
အခုရက်ပိုင်း ဦးမင်းနိုင်က မြကို
မူယဇ်ဆေးနှင့် ပတ်သတ်သည့်
အလုပ်ကို ခနခနခိုင်းနေ​ပြန်သည်။
မြ မလုပ်ချင်ပေမဲ့လည်း သားလေး
​ရှေ့ရေးရှိသေးသည်လေ။

"ခင် အဆင်မှပြေရဲ့လားကွယ်"
"မြ တောင်းပန်ပါတယ် ခင်ရယ်"

အစက ခင့်ကို ဤလုပ်ငန်းထဲ ခေါ်ခဲ့
သည်မှာ နှစ်နှစ်လောက်ကြိုးစား
အလုပ်လုပ်ပြီး နှစ်ယောက်လုံး နိုင်ငံခြားသို့ ထွက်သွားရန်ဖြစ်သည်။
ထို့ကြောင့် ခင့်ကို ထောင်မှထွက်လျင် အင်္ဂလိပ်စကားများ သင်ခိုင်းခဲ့
သည်လေ။ ယခုမှာတော့ အကြံ
အစည် အစီအစဥ်များအားလုံးသည်
The Roseကြောင့်ပျက်ခဲ့ရသည်။

ခင့်ကို ဘာကြောင့် ခေါ်သွားသည်ကို
မြ နားမလည်နိုင်။ ယောင်္ကျားလေး
တစ်ယောက်က မိန်းမတစ်ယောက်ကို ခေါ်သွားသည်မှာ တဏှာကြောင့်
ဆိုပေမယ့် အမျိုးသမီးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ခေါ်သွားသည်က မြကို နားလည်ရခက်စေသည်။ The rose ဆိုသည့် အမျိုး
သမီးသည် အဆိပ်ပြင်းသော အမျိုးသမီး မဟုတ်ပါလား။
ခင့်ကို အဆင်ပြေပါစေဟုသာ ဆုတောင်းပေးနိုင်တော့သည်။

_____________

ခင် ဒီအိမ်ကိုရောက်တာ ဒီနေ့ဆို
နှစ်လရှိပြီ။ ကြီးတင်တို့နှင့် ပိုမိုရင်းနှီးလာသည်။ရယ်ရယ်မောမောလည်း
ရှိလာသည်။ rose နှင့်တော့ ယနေ့ထိ
စကားမပြောသေး။ ခင် ပြောချင်စိတ်လည်း မရှိပါ။ ဒီရက်တွေထဲ
ခင် နှင့် လာမအိပ်သောကြောင့် စိတ်ထဲ၌ ကျေးဇူးတင်ရသည်။

"မမကြီး"
"သမီးတို့လေ" ခရီးလေးထွက်ကြရင်
မကောင်းဘူးလား"

"မိအေး"
"ထွက်ချင်ရင်လည်း ကိုယ့်ဖာသာထွက်"

"မမကြီးကလည်း "
"သမီးက ဟိုအစ်မနဲ့ ပိုအဆင်ပြေအောင်လို့ ပြောတဲ့ဟာဟို"
"မမခင်က ပင်လယ်ရောက်ဖူးချင်လို့တဲ့"

"သေချာလို့လား" ညည်းသွားချင်လို့ ဂွင်ဖန်နေတာမလား"

"မဟုတ်ပါဘူး"
"မယုံလို့ မသွားချင်လည်း နေပေါ့"

The rose မိအေးပြောသောစကားကို
တစ်ညနေလုံးစဥ်းစားနေမိသည်။
ကံကောင်းလျင် ရင်းနှီးသွားနိုင်သည်
ဆက်ဆံရေးကောင်းမွန်လာနိုင်သည်
မဟုတ်လား။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now