episode 27

5.2K 227 0
                                    

"ဘေဘီရေ ဒီနေ့ အလုပ်လမ်းကြောင်းရှိတယ်"

"ဘာ"!! ကျမ မလုပ်နိုင်တော့ဘူး"

"လုပ်ပါ"...ဒီတစ်ခါ အချီကြီးရမှာ""တစ်ခြားလူကို ခိုင်းလို့အဆင်မပြေတာ ဘေဘီသိသားနဲ့"

"မြ ပြောပြီးပြီ" မလုပ်ပါရစေနဲ့တော့"

"လုပ်ပါနော်"

"မလုပ်နိုင်ဘူး"

"ဖြန်း👋" ငါက လုပ်ဆိုလုပ်"
"နင်ကများ ငါ့ကို အာခံရဲတယ်ပေါ့လေ" 

"နေ့လည် တစ်နာရီစထွက်"
"အလုပ်သေချာ မလုပ်လို့ကတော့ နင့်သားလည်ပြတ်ပြီလို့ တွေးထား"

"လူယုတ်မာ"

မြ အသံကုန်အော်ဟစ်ပြီး ဒေါသငယ်ထိပ်ရောက်သည်မှာ အသားပင်တုန်ယင်နေသည်။

"နင် တစ်နေ့ ငါ့အကြောင်းသိစေရမယ်"

မြ မခံမရပ်နိုင်အောင် ရင်နာရလေသည်။ထစ်ခနဲရှိ သားနဲ့ ကိုင်ကိုင်ပေါက်ပြီး အားနည်းချက်ဆုပ်ကိုင်ခံရသည်ကို ရင်နာလှသည်။မြ ကလေးမွေးခဲ့သည်ကို နောင်တပင်ရသည်။ အသက်ရှိလျက်နှင့် ရှင်ကွဲကွဲရပြီး မိခင် ၏ပြုစုယုယမှု မခံရသော သားအတွက်မိခင် တာဝန်မကျေသလိုခံစားရသည်။ ရင်ကွဲမတတ်နာကျင်ရသည်။

______________

"ကျမ ဟိုအိမ်ကို ခနသွားချင်တယ်"

"ဘယ်အိမ်"

"မြရဲ့အိမ်"

"ထွက်ပြေးချင်တာလား"

"ပစ္စည်းယူရုံပဲ"

"မနက်ဖြန်မှသွား" လိုက်ပို့မယ်"

"ပြီးရော"

"ချစ်လား"

"လာပြန်ပြီ....ဇွဲတော်တော်ကောင်းတာပဲနော်" ထပ်ကြိုးစားလိုက်ပါအုံး.."

"အိုး...ခင် ရက်စက်တယ်"

"ဒါဖြင့်...ဟိုညက..."

"အပေးနဲ့ အယူလေ"...နှင်း မူးယဇ်ဆေးသုံးတာ မကြိုက်ဘူးလို့ ပြောသားပဲ""

""ခက်တယ်...ခင်ရဲ့...သိတယ်မလား"

"ဒါဆိုလည်း...အပြန်အလှန်ကြိုးစားကြတာပေါ့လေ""

မူပိုင် ပြည့်တန်ဆာ...။(Completed)Donde viven las historias. Descúbrelo ahora