episode 23

5.5K 279 1
                                    


"မမခင် "!!
"ရေကစားကြမယ်"လာ..လာ"

""အသားမဲမှာစိုးတယ်ကွယ်""
"ပင်လယ်ရေက အသားမဲတယ် အေးရဲ့"

"ဟားဟား... မဲပါလေ့စေ"
"ရန်ကုန်ရောက်ရင် ဖြူသွားလိမ့်မယ်"လာပါ....မဖော်မရှိလို့""

"ခနပဲနော်""
"နေ့ခင်း နေအရမ်းပြင်းရင် အပူရှပ်လိမ်မယ်.."

"ဟုတ်ကဲ့"
"လာ...လာ.."

Rose အဝေးတစ်နေရာ မြင်ကွင်းတွင် ရေကစားနေသော ခင့်ကို ကြည့်ရင်း ပြုံးစိစိနှင့် အအေးသောက်ကာထိုင်ကြည့်နေသည်မှာ တစ်နာရီပင်ရှိပြီ။သူ့မ ပုံစံက ဆော့ကစားနေသော
ကလေးများကို စိတ်မချစွာ အရိပ်တစ်ကြည့်ကြည့်နှင့် စောင့်ကြည့်နေသည့် ကလေးအမေလိုပင်။

"ဒီခလေးမတွေတော့ အပူရှပ်တော့မှာပဲ" မမောနိုင်ကြဘူးလားကွယ်"

ခင် တို့ဘေးနားမလှမ်းမကမ်းတွင်အကောင်နှစ်ကောင် တန်းတန်းမက်မက် လာနေသည်ကို အဝေးမှ တွေ့လိုက်ရ​ပြန်သည်။

"တောက်" ခွေးသူတောင်းစားတွေ လာပြန်ပြီ""

ဟိုတစ်နေ့က ခင့်ကို ​နှောက်ယှက်သော ယောကျားလေးနှစ်ယောက်ပင်။ခင်တို့ အနားမှာ ရစ်သီရစ်သီပြန်လာလုပ်နေသည်ကို တွေ့လိုက်ရသဖြင့် Roseတစ်ဟုန်ထိုးပြေးတော့သည်။
ပြေးနေရင်း အုန်းသီးသည် အုန်သီးခုတ်နေသည်ကို တွေ့သဖြင့် အုန်းသီးသည်ဆီမှ ဓါးကိုမပြောမဆိုယူကာရေကစားနေသော သူမ ကလေးတွေ
ဆီသို့ တန်းတန်းမတ်မတ် ဓါးကိုင်ကာ ပြေးတော့သည်။ ပေါင်တိုလက်ပြတ်ဂါဝန်ကို ဝတ်ထားပြီး ဒေါသတစ်ကြီးပြေးနေသော သူမပုံစံသည် ရယ်ချင်စရာတစ်မျိုးကောင်းနေပြန်သည်။

"ဒီက မမ""

"ရှင်တို့ လာပြန်ပြီလား"

"မမကို မြင်မြင်ချင်း ချစ်မိလို့ပါ"
"ဖုန်းနံပါတ်လေးလိုချင်လို့"

"ဖုန်းမရှိဘူးလို့ ကျမပြောပြီးပြီလေ"

"ဟုတ်တယ်...ကျမတို့မှာ ဖုန်းမရှိဘူး"

"ကျမ ပြသနာထပ်မဖြစ်ချင်ဘူးနော်"
"ကိုယ့်လမ်းကိုယ် သွားကြပါတော့ရှင်" မိအေးလာ... သွားမယ်"

"မမခင် ဟိုးမှာ....မမကြီးလားဟင်"

"ဟမ်"...ဘယ်မှာလဲ"

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now