part - 4 ( U + Z )

14.9K 652 14
                                    

[Unicode]Unicode

" အားလုံး ကြားကြားသမျှ

အမျှ.... အမျှ... အမျှ..

ယူတော်မှုကြပါကုန်လော့။

သာဓု.....သာဓု....သာဓု... "

အရီးနု၏ မေတ္တာပို့ အမျှဝေသံနှင့် ကြေးစည်ထုသံကြောင့် မြတ်ဘုန်းပျို နိုးလာပြီး အိပ်ချင်မှုးတူးဖြင့် နာရီကို လှမ်းကြည့်လိုက်တယ် ။ ၆ နာရီ ထိုးခါနီးဖြစ်သည့်အတွက်ကြောင့် အိပ်ယာထရန်ပြင်လိုက်သော်လည်း သူ့ခါးအားတင်းကြပ်စွာဖက်ထားသော‌ သန်မာတဲ့လက်တစ်စုံကြောင့်ထမရပေ။

ထိုအခါမှ မြတ်ဘုန်းပျို သူ့ရင်ခွင်ထဲခေါင်းတိုးအိပ်နေသော အကောင်ပေါက်အား သတိထားမိတော့သည်။ ဘုရားရေ ငါညကများ ဒီကလေးကို အတင်းဖက်မိတာများလား ဟူ၍ စိုးထိတ်စွာ သူတွေးလိုက်မိသည်။

သူ့ခါးအားဖက်ထားသည့် ရှိုင်းမင်းခ၏လက်အား ဖြည်းညင်းစွာ ဖယ်လိုက်သော်လည်း အနည်းငယ်ပင် မလျော့သွားသည့်အပြင် ပိုတင်းကြပ်စွာဖက်လာသည်။ သူ့အား ဖက်ခေါင်းအုံးသဖွယ် သဘောထားနေဟန်ရှ်ိသည်။

မြတ်ဘုန်းပျို ရှိုင်းမင်းခ၏လက်အား နောက်တစ်ခေါက်ဖယ်ရန်ပြင်လိုက်တဲ့အခါ အိပ်ချင်မှုးတူးဖြင့် ဩရှရှ အသံကထွက်ပေါ်လာသည်။

" ထပ်အိပ်အုံး.. နောက် နာရီဝက်လောက်ဘဲ.. အတူတူထရအောင်လေနော် "

အမိန့်ပေးနေဟန်ရှ်ိသော်လည်း တောင်းဆိုနေသည့်အသံကပိုပေါ်လွင်နေတာကြောင့် မြတ်ဘုန်းပျို ငြိမ်သက်စွာ ပြန်လှဲနေလိုက်တယ် ။ သိုသော်လည်း သူ့နှလုံးသားကတော့ ဆန့်ကျင့်ဘက် တစ်ဒုတ်ဒုတ်ခုန်လှုပ်နေလေရဲ့..

ဘာကြောင့်များပါလိမ့်.. တစ်စုံတစ်ယောက်နှင့် နီးနီးကပ်ကပ်နေဖူးတာ ပထမဆုံးဖြစ်တာကြောင့်များလား ..

ရှိူင်းမင်းခ က သူ့ထပ် လေးနှစ်နီးပါးငယ်သည့်အတွက် သူ့ရဲ့ညီလေးတစ်ယောက်တဖွယ် မှတ်ယူလို့ရတာကြောင့် သူ့အားဖက်အိပ်တာမျိုးက သာမာန်ဘဲမဟုတ်လား.. ပြီးတော့ ယောင်္ကျားလေးအချင်းချင်းလေ ဘာပြဿနာမှ ရှိလောက်မှာမဟုတ်ပါဘူး ဟူ၍ဖြေသိမ့်လိုက်သည်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now