part - 6 ( U + Z )

14.3K 792 35
                                    

Unicode

မြတ်ဘုန်းပျိုရဲ့ အမူအယာကိုမြင်တဲ့အခါ ရှိုင်းမင်းခက မသိဟန်ဆောင်၍

" ဘာဖြစ်လို့လဲ ကိုကို , ကျွန်တော်ထိုင်လို့မရဘူးလား "

မြတ်ဘုန်းပျို အနေခက်စွာဖြင့်အောက်နှုတ်ခမ်းကိုအသာဖိကိုက်လိုက်တယ်။ထိုင်လို့မရဘူးဟူ၍လည်း ပြောမရတော့ ထိုင်ပြီးနေပြီဖြစ်သည်။

" ကျွန်တော် အမှားလုပ်မိသွားတာလား "

သိမ်ငယ်စွာပြောလာတဲ့ ရှိုင်းမင်းခရဲ့အသံကြောင့် မြတ်ဘုန်းပျို ကအသဲသန်ရှင်းပြလာတယ်။

" မ.. မဟုတ်ပါဘူး ရှိုင်းဘာမှအမှားမလုပ်မိဘူး ရှိုင်းကမသိလို့ထိုင်မိသွားတာလေ အမှားလုပ်မိတယ်လို့ ခေါ်လို့မှမရတာ "

ရှိုင်းမင်းခ သဘောကျစွာပြုံးလိုက်တယ်။

" ဘာလို့ထိုင်လို့မရတာလဲ "

" ဒါက ရှေးထုံးတမ်းဓလေ့တစ်ခုပါ အတည်မမှတ်လဲရလောက်ပါတယ် "

" ဘယ်လိုထုံးတမ်းမို့လို့လဲ "

မြတ်ဘုန်းပျိုက မတ်တပ်ထရပ်လိုက်ကာ

" လာ.. ပြန်ရင်းနဲ့ပြောရအောင် နေစောင်းနေပြီ "

" ဟုတ် "

******

" အဲ့ကျောက်ဖျာ နှစ်ခုက ဇနီးမောင်နှံ တွေနဲ့ ချစ်သူရည်းစားတွေအတွက် တဲ့ အကယ်၍ အဲ့ကျောက်ဖျာမှာထိုင်လိုက်တဲ့ ဇနီးမောင်နှံတွေဆို သက်ဆုံးတိုင်ပေါင်းသင်းရတယ်လို့ပြောတယ် ချစ်သူရည်းစားဆိုရင် ဘယ်လိုအတားဆီးရှိရှိ ‌မကွဲသွားဘူးတဲ့ "

" ချစ်သူရည်းစားမဟုတ်ဘဲ သူစိမ်းနှစ်ယောက်ကအတူထိုင်မိရင်ရော "

ရှိုင်းမင်းခ ၏အမေးကြောင့် မြတ်ဘုန်းပျို အောက်နှုတ်ခမ်းအား အသာကိုက်ကာ ခေါင်းငုံ့သွားတယ်။

" ထိုင်လိုက်မိပြီဆိုကတည်းက ချစ်သူရည်စား , အဖြစ် သတ်မှတ်ပြီးသွားပြီ "

" အော် "

ရှိုင်းမင်းခ စိတ်ခုသွားမှာစိုးတာကြောင့် မြတ်ဘုန်းပျိုက ကပြာကယာရှင်းပြလာတယ်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now