part - 9 ( U + Z )

12.9K 591 52
                                    

Unicode

" ကျွန်တော်ကိုကို့ ကိုချစ်တယ် ၊ တစ်ဘဝလုံးစာ ချစ်ခြင်းမေတ္တာရဲ့အဓိပ္ပာယ်ကိုဖော်ပြပေးချင်တယ်၊ အဲ့တာကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်အပိုင်ဖြစ်ပေးပါလား "

ရွာထဲက ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်မိန်းမပျိုများအပြင်ကာလသားအချို့၏ပိုးပန်းခြင်းကို မြတ်ဘုန်းပျို ခံခဲ့ဖူးသော်ငြားလည်း ယခုလိုအသက်ရှုရန်ပင်ခက်ခဲရလောက်နဲ့အထိရင်မခုန်ခဲ့ဖူးပေ။သူဘာပြောရမှန်းမသိတော့ ။ သူ့အားပြုံးကာကြည့်နေတဲ့ ရှိုင်းရဲ့မျက်လုံး‌တွေအောက်ကနေ ရှောင်ဖယ်ထွက်လိုက်တယ် ။

ရုတ်တရက် ရှိုင်းမင်းခက မြတ်ဘုန်းပျိုလက်အားလှမ်းဆွဲလိုက်တဲ့အခါ မြတ်ဘုန်းပျို လန့်ပြီးတစ်ကိုယ်လုံးတုန်သွားတယ်။ မသိလျှင် အခုမှမြှီးကောင်ပေါက်လေး ရည်းစားစကားပြောခံလိုက်ရသလိုပေ။ သူဘာဖြစ်နေတာလဲ အရင်နေ့တွေက ဖက်ပါအိပ်ခဲ့တဲ့ဟာကို အခုကျတော့ လက်လေးကိုင်တာနှင့် နှလုံးသားကြီးတစ်ခု အပြင်ကိုပြုတ်ကျမတတ်ဘာကြောင့်ခုန်နေရတာလဲ.. မြတ်ဘုန်းပျိုတကယ်မသိတော့ပေ။

ရှိုင်းမင်းခက ရှက်နေတဲ့ မြတ်ဘုန်းပျိုရဲ့ မှေးဖျားကိုဆွဲယူလိုက်ပြီး သူနှင့်မျက်လုံးချင်းဆုံစေလိုက်တယ်။ ယခုချိန်ထိ မြတ်ဘုန်းပျို က ရှိုင်းမင်းခ နှင့်အကြည့်ချင်းမဆုံရဲသေးပေ။

" ကိုကို "

" ......"

" ကိုကို..၊ ကျွန်တော်ကြည့်ပါအုံးဗျာ "

ထိုအခါမှ မြတ်ဘုန်းပျိုမဝံမရဲဖြင့် ရှိုင်းရဲ့မျက်လုံးတွေကိုပြန်ကြည့်လာတယ် ။ အဲ့အကြည့်တွေ ထဲမှာချစ်ခြင်းမေတ္တာတွေပြည့်နေတာကို သူမြင်မိတယ်။အဲ့အကြည့်တွေကို ကြာကြာကြည့်ဖို့အထိ သူမှာအင်အားမရှိ ၊ အတော်ကို ဆွဲဆောင်နိုင်လွန်းလှသည်။

" ချစ်လိုက်တာဗျာ .. "

ဟူ၍ပြောလာပြီး မြတ်ဘုန်းပျိူကို တင်းတင်းကျပ်ကျပ်ဆွဲဖက်လိုက်တယ် ။ မြတ်ဘုန်းပျို ရုန်းထွက်သင့်မှန်းသိသော်ငြားလည်း သူစိတ်သွားတိုင်းကိုယ်မပါတော့ပေ။ သူ့ခန္ဓာကိုယ်က အဖက်ခံချင်နေသည့်အလား အနည်းငယ်ပင်ရုန်းမရပေ။

" သတိ - ကြားလူမဝင်ရ " ( Complete)Dove le storie prendono vita. Scoprilo ora