part - 26 ( U + Z )

12.4K 513 36
                                    

[Unicode]

ရှေးရတု ၏မျက်ခွံများလေးပင်စွာပွင့်လာခဲ့တယ် ၊ ဦးနိုင်သူ့အားပွေ့ချီသွားတာကိုသာမှတ်မိပြီး ကျန်တာသူဘာတစ်ခုမှမမှတ်မိတော့ပေ ။ သူအာဟာရ ပြတ်ပြီးသတိမေ့သွားတာများလား ၊ သူကိုက်ခဲနေတဲ့ ခေါင်းအားလက်ဖြင့် အသာဖိလိုက်ကာ စဉ်းစားကြည့်တယ် ဘယ်လိုမှစဉ်းစားမရပေ။

သူမွေ့ယာပေါ်ကနေဖြေညှင်းစွာထထိုင်ဖို့အတွက် တစ်ကိုယ်လုံး၌ရှိသော အားများကိုထုတ်သုံးလိုက်ရသည်။ ထို့နောက်သူ့နာကျင်နေတဲ့လည်ချောင်းအားသက်သာစေရန်အတွက်‌ ရေအနည်းငယ်သောက်ချင်တာကြောင့်ဘေးဘင်ကို ဝေ့ကြည့်လိုက်တယ်။ ရှေးရတု မျက်မှောင်အနည်းငယ်ကျုတ် သွားတယ် ။ ဒီအခန်းအား သူမရင်းနှီပေ။ သူဘယ်သူ့အခန်းကိုရောက်နေတာလဲ ၊ ရှေးရတုသေချာပေါက်ပြောနိုင်တာ တစ်ခုကတော့ ဒါသူ့အခန်းမဟုတ်ဘူးဆိုတာကိုပင် ။

အခန်းဟာ ရှေးရတုအခန်းထပ် နှစ်ဆကျယ်ဝန်းပြီး ပြတင်းပေါက်များကိုလဲ လိုက်ကာအမဲများဖြင့် ပိတ်ပေါင်းနေအောင် ကာထားသည်။ အခန်းထဲတွင် ကုတင်ဘေးရှိ ခုံပေါ်တွင်တင်ထားသော ညအိပ်မီးသီး၏ အလင်းရောင်သာရှိသည်။အပြင်ဘက်တွင် မနက်လားညလားဟူ၍တောင် ရှေးရတုမခွဲခြားနိုင်ပေ။

" ဦးနိုင် အခန်းလား ? "

ရှေးရတုခပ်တိုးတိုးလေးဖြင့် ကိုယ့်ကိုကိုယ်ပြန်မေးနေသလို အသံပြုလိုက်တယ် ၊ ထိုနောက် သူကုတင်ပေါ်ကဆင်းရန် ကြမ်းပြင်ပေါ်ခြေချလိုက်တဲ့အခါ ခြေဖဝါးမှ စူးပြီးနာကျင်သည့်ခံစားချက်က သူ့ကျောရိုးမှတဆင့် ဦးနှောက်ဆီသို့ အလျှင်အမြန်ရောက်ရှိလာတယ်။ ရှေးရတုနာကျင်စွာနဲ့ ငြီးငြူလိုက်တယ် ၊ ထို့နောက် သူ့ခြေဖဝါးအား ငုံ့ကြည့်လိုက်တယ် ။ ခြေဖဝါးမှာ ပွန်းပဲ့ဒဏ်ရာအချို့နဲ့ ဖန်ကွဲစ စူးထားသည့်ဒဏ်ရာမျိုးကိုတွေ့လိုက်တယ်။ ကြည့်ရတာ စတိုခန်းဟောင်းမှာကတည်းက ထိုဒဏ်ရာတွေရလာခဲ့သည်နှင့်တူသည်။ အမှောင်ထဲရောက်နေတယ်ဆိုတဲ့ကြောက်စိတ်ကြောင့် ခြေဖဝါးမှ နာကျင်မှုအား သတိမထားမိခဲ့တာဖြစ်နိုင်သည် ။

" အာ .. မေးခိုင်ပိုးဝင်ရင် ဘယ်လိုလုပ်ရပါ့မလဲ "

ဆရာဝန်ပီပီ ဒဏ်ရာအား ဦးစွာစိတ်ပူမိသွားတယ် ၊ ထို့နောက် သူ့ဒဏ်ရာအား အသေချာကြည့်ရန် ညအိမ်မီးသီးအားအလင်းတင်လိုက်သည်။ ထိုအချိန် ညအိပ်မိးသီးဘေးတွင် မှောက်လျက်ထားထားသော ဓာတ်ပုံတစ်ခုအားရှေးရတုတွေ့လိုက်တယ် ။ သူရှည်ရှည်ဝေးဝေးတွေးမနေတော့ပါဘဲ မှောက်ထားသည့်ဓာတ်ပုံအား လှန်ကြည့်လိုက်တယ်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now