part - 29 ( U + Z )

12.6K 530 66
                                    

[Unicode]

ရှိုင်းမင်းခ မြတ်ဘုန်းပျိုအား အိပ်ခန်းထဲသို့ခေါ်သွားတယ်။ ထို့နောက် မွေ့ယာပေါ်ကို ဖြေညှင်းစွာချလိုက်ပြီး ‌မြတ်ဘုန်းပျိုဘေးနားမှာဝင်ထိုင်လိုက်သည်။

" ဘာလို့အဲ့လိုကြီးဝတ်ထားတာလဲ "

“ မောင့် ကိုယ်သင်းရနံ့ကိုကြိုက်လို့ "

" .... "

ရှိုင်းမင်းခ တစ်ခနလောက်ပြောစရာစကားပျောက်ရှသွားတယ် ။ အမှန်တော့ သူ့ရင်ထဲကြည်နူးမိသွားခြင်းဖြစ်တယ် ။ထို့နောက် နှုတ်ခမ်းလှုပ်ယုံမျှသာပြုံးပြီး

" အဲ့တာများမောင့် ဘောင်းဘီပါယူဝတ်လိုက်တာမဟုတ်ဘူး "

" ဝတ်ကြည့်သေးတယ် မတော်‌လို့ "

ရှိုင်းမင်းခ သဘောကျစွာဖြင့် မြတ်ဘုန်းပျိုပါးပြင်အား နှုတ်ခမ်းတစ်ခုလုံးနစ်ဝင်နေအောင် နမ်းရှိုက်လိုက်ပြီး 

" နောက်ဆို မောင့်ရှေ့မှာဘဲ ဒီလိုဝတ် "

မြတ်ဘုန်းပျို ပါးပြင်လေးကရှက်စိတ်ကြောင့် ပန်းရောင်သမ်းသွားတယ် ။

" ဘာလို့အခုမှပြန်လာတာလဲ "

" ကိုကို က မောင့်ကို ပြန်မလာခဲ့နဲ့ဆိုလို့လေ "

" ဟမ်.. မပြောလိုက်ပါဘူး "

" ပြောလိုက်ပါတယ် "

" မပြောလိုက်ပါဘူး မြန်မြန် ပြန်မလာခဲ့နဲ့ဘဲပြောလိုက်တာပါ "

သူနားကြားမှားသွားတာပေါ့ ၊ ကိုကို ကငါ့ကို စိတ်မဆိုးဘူးပေါ့ ။ ရှိုင်းမင်းခရဲ့အပျော်ဟာ ထိန်းချုပ်မရတော့ပေ ။ ကိုကို့အပေါ်သူကနာကျင်အောင်လုပ်မိတာတောင် ကိုကို ကသူ့အားစိတ်မ‌ဆိုးဘူး ဒါသူ့ကို ဘယ်လောက်ချစ်လဲသိသာနေတဲ့အချက်မဟုတ်လား ။

" ဒါနဲ့ ခုနက ဟန်ဆက်ပိုင်နဲ့အတူပါလာတဲ့ကောင်လေးကဘယ်သူလဲ သူ့ကြည့်ရတာအဆင်ပြေမယ့်ပုံမပေါ်ဘူး တစ်ခုခုဖြစ်လာတာလား "

" ဟန်ဆက်ပိုင် ကားတင်ပြေးလာတာလေ "

ရှိုင်းမင်းခတစ်ယောက် သူ့ဗီဒိုထဲကနေ မြတ်ဘုန်းပျိုနှင့်တော်မည့် ဘောင်းဘီအားရှာဖွေနေရင်းပြောလာတယ်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now