part - 13 ( U + Z )

12K 578 25
                                    

Unicode

"ခနဘဲ၊ တကယ်ခနဘဲ ပြန်မှာ၊ကိစ္စတွေရှင်းပြီးပြီဆိုတာနဲ့ ချက်ခြင်းပြန်လာမှာ ကိုကို့ကိုစောင့်နေရအောင်မောင်မလုပ်ဘူး "

မြတ်ဘုန်းပျို ရှိုင်းမင်းခ၏စကားကို ကြားကြားချင်းမျက်ရည်ဝဲသွားတာကြောင့်ခေါင်းချက်ချင်းငုံ့ချလိုက်တယ်။ ငါ ယောင်္ကျားလေးဖြစ်ပြီးဘာလို့ မျက်ရည်လွယ်ရတာလဲ? ဒီလိုမျိုးတစ်နေ့ဖြစ်လာမယ်ဆိုတာ သူသိသော်လည်း အခုလိုမျိုးကျ အရမ်းမြန်လွန်းသည်လေ ။မြတ်ဘုန်းပျို  အတတ်နိုင်ဆုံးထိန်းသော်ငြားလည်း မျက်ရည်များသည် ပါးပြင်ပေါ်သို့ တာကျိုးကျလာသည့်သဖွယ် ကျဆင်းလာခဲ့သည်။

ရှိုင်းမင်းခသည် မြတ်ဘုန်းပျို၏ အမူအယာကိုတွေ့သည့်အခါ မှေးဖျားကို ငြင်သာစွာဆွဲမော့လိုက်တယ်။

" ကိုကို ငိုနေတာလား "

မြတ်ဘုန်းပျိုသည် အသံတစီုးတစိမျှထွက်မလာဘဲ ခေါင်းသာ ခါလာခဲ့သည်။

" ကိုကို , မောင့်ကိုကြည့် "

ရှိူင်းမင်းခသည် မြတ်ဘုန်းပျို၏မျက်နှာအား လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ သူနဲ့အကြည့်ခြင်းဆုံစေလိုက်သည်။

" မငိုပါနဲ့ဗျာ ကိုကို့မျက်ရည်တွေကို မြင်ရင် မောင့်ရင်ထဲအောင့်သက်သက်နဲ့ဗျ .. "

ရှိူင်းမင်းခ တစ်ခနလောက်ငြိမ်သက်သွားသည်။
ထို့နောက်

" မောင် ပါးပါးတို့နဲ့ မလိုက်သွားတော့ဘူး! "

မြတ်ဘုန်းပျို မျက်ရည်အဝိုင်သားဖြင့်မော့ကြည့်လာတယ်။ မလိုက်သွားလို့တော့ မဖြစ်ဘူးမဟုတ်လား ။ သူကိုယ်တိုင်လဲ ရှိုင်းနှင့်မခွဲနိုင်ဘူးဆိုပေမယ့် ရှိုင်းအားတစ်ကိုယ်ကောင်းဆန်ကာ အပိုင်သိမ်းထားလို့မရပေ။

" မဟုတ်တာ လိုက်သွားလိုက်ပါ ပြန်လာမယ်ဆိုတဲ့ ကတိတော့ပေး "

ရှိုင်းမင်းခသည် မြတ်ဘုန်းပျို၏နဖူးအားဖိနမ်းလိုက်တယ်။

" သေချာပေါက် ပြန်လာမှာပေါ့ ၊ မောင်အမြန်ဆုံးပြန်လာမယ်နော် "

ထို့နောက် ရှိုင်းမင်းခသည် ဘောင်းဘီအိတ်ထဲက  ဖုန်းအားထုတ်ကာ မြတ်ဘုန်းပျိုလက်ထဲထည့်ပေးလိုက်သည်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now