part - 22 ( U + Z )

12.5K 532 117
                                    

[Unicode]

" တစ်သက်လုံးရောမအိပ်ချင်ဘူးလား ၊ ငါချော့သိပ်မယ်လေ "

ဟုရှိုင်းမင်းခပြော၍ ထိူလူလက်၌ ထိုးထားသော ခက်ရင်းအား ပြန်ဆွဲထုတ်ကာ တစ်ဖန်ပြန်ထိုးချရန်ပြင်လိုက်သည်။

" ဝင်မဆွဲဘဲဘာလုပ်နေကြတာလဲ! အလှကြည့်နေတာလား ! "

ဟူ၍ဟန်ဆက်ပိုင် ဒေါသတကြီးအော်ပြောကာရှိုင်းမင်းခ လက်ထဲမှ ခက်ရင်းအားဆွဲလုလိုက်တယ်။

ဟန်ဆက်ပိုင် Bar သို့ရောက်ရောက်ခြင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရှော့ရသွားတယ်။ ဘေးနားမှ လူများဟာလဲ ဝင်ဆွဲဖို့နေနေသာသာ အနားသို့တောင်မကပ်‌ရဲပေ ။ သူသာ အရောက်မမြန်ခဲ့လျှင် ဒီနေ့ ဒီနေရာမှာ လူသတ်မှုဖြစ်လောက်သည်။

ရှိုင်းမင်းခ မျက်လုံးများဟာ ဒေါသကြောင့်နီရဲနေပြီး ပါးရီုးများထင်းနေအောင်ပင် အံကြိတ်ထားသည်။ ခက်ရင်းအားလုသွားသည့် ဟန်ဆက်ပိုင်အား တစ်ချက်ကြည့်လိုက်တယ်ထို့နောက် မြတ်ဘုန်းပျိုဘက်သို့ ခက်ထန်လှသောအကြည့်တစ်ချက်ပို့ကာ မြတ်ဘုန်းပျိုလက်အားဆောင့်ဆွဲ၍ ထွက်သွားတယ်။

" ရုံးခန်းထဲ လိုက်မလာနဲ့ "

ဟု ဟန်ဆက်ပိုင်အား ပြောဖြစ်အောင်ပြောသွားသေးသည်။ ဟန်ဆက်ပိုင် ဒီနေ့စိတ်ကောင်းဝင်နေတာကြောင့် ရှိုင်းမင်းခ၏ စကားကို အထွန့်မတက်နေတော့ဘဲ ပတ်တီးစည်းထားသည့်လက်အားကြည့်လိုက်တယ်။

" Shittt ပတ်တီးလေးသွေးတွေပေကုန်ပြီ "
______

ရုံခန်းထဲရောက်ရောက်ခြင်း ရှိင်းမင်းခသည်ဒေါသတကြီးဖြင့် မြတ်ဘုန်းပျိူအား နံရံဘက်ကို တွန်းကပ်လိုက်ပြီး မျက်နှာအားလက်ဖြင့်ညှစ်ကိုင်၍

" ခင်ဗျားစောက်နားမပါဘူးလား .. အဲ့Bar နဲ့ Club ထဲကို ကျုပ်မပါဘဲမသွားနဲ့လို့ပြောထားတာမကြားဘူးလား ခင်ဗျားက မှတ်လောက်သားလောက်အောင် အပြစ်ပေးစေချင်နေတာလား ဟမ်? "

ရှိုင်းမင်းခ ခက်ထန်စွာမေးနေသော်လဲ မြတ်ဘုန်းပျိုက ဘာမှပြန်မဖြေလာတဲ့အပြင် အသက်ကို ပါးစပ်ဖြင့်ရှုကာထူးဆန်းသည့်အပြုအမှုလုပ်လာတာကြောင့် ဂှိုင်းမင်းခ ကြောင်အသွားပြီး မြတ်ဘုန်းပျိုအားလွှတ်ပေးလိုက်တယ်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now