part - 14 ( U + Z )

11.7K 514 16
                                    

Unicode

မြတ်ဘုန်းပျို မနက်ခင်းကိုစိတ်နှလုံးရွှင်လန်းစွာနဲ့ နိုးလာခဲ့တယ်။ညက အလွန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သည်။တစ်ညလုံးတရေးတောင် မနိုးပေ။ သူနံဘေးကဖုန်းကိုယူကာဖွင့်ပြီး call history ကြည့်လိုက်တယ်။ ညက  6 နာရီနီးပါးဖုန်းပြောခဲ့တာဘဲ  ရှိုင်းသူအိပ်သွားမှဖုန်းချခဲ့တာပေါ့ ..သူ့အတွေးနဲ့သူ အပျော်လွန်နေခဲ့တယ်။

သူအချိန်ကိုကြည့်လိုက်တဲ့အခါ မနက် ငါးနာရီခွဲဖြစ်နေပြီဖြစ်တယ် ၊ ဒါကြောင့် အိပ်ရာသိမ်း၊မျက်နှာသစ်ကာ ငှက်မြတ်နားတောင်ပေါ်က စေတီသို့ သွားလိုက်သည်။ယတြာယျာချေ ဖို့ လိုအပ်သည့်အရွက်များကို ခူးရန်လဲမမေ့။

သူအရင်ဆုံး စေတီရင်ပြင်တစ်ပြင်လုံးကို တံမြတ်စည်းလှည်းသည်။ထို့နောက် တနင်္ဂနွေထောင့်သို့သွား၍ ရှိုင်းမင်းခအတွက်ရည်စူးပြီး ရေသက်စေ့ ၊ ဆီမီးသက်စေ့ပူဇော်လိုက်တယ်။ ဘုရားရှိခိုး ၊ မေတ္တာပို့ အမျှဝေပြီးတော့ သူတောင်းဆုပန်ခဲ့တယ်။

" အရှင်ဘုရား ကျွန်တော်မျိုးပြုပြုသမျှကောင်းမှုအစုစုတို့အား တနင်္ဂနွေသား ရှိုင်းမင်းခ ရရပါလို၏ ၊ သွားလမ်းသာလို့ လာလမ်းဖြောင့် ဘေးမသီရန်မခပါစေနဲ့ အရှင်ဘုရား  "

ဟူ၍ မြတ်ဘုန်းပျိုဆုတောင်းခဲ့သည်။

_________

" ရှိုင်းမင်းခ ! မင်းဒါဘယ်လဲ "

အပေါ်ထပ်ကဆင်းလာသည့် ရှိုင်းမင်းခအား ဧည့်ခန်းထဲ၌ထိုင်နေသော အဖေလုပ်သူဦးသန်းထိုက်ကမေးလာသည်။

" ဟန်ဆက်ပိုင်ဆီ "

ရှိုင်းမင်းခ ဦးသန်းထိုက်အား တစ်ချက်ပင်လှည့်မကြည့်ဘဲပြောသည်။

" လာအုံး ! "

ဦးသန်းထိုက် သားဖြစ်သူကိုလှမ်းခေါ်လိုက်တယ်။ သို့သော်လည်း ရှိုင်းမင်းခက မကြားချင်ယောင်ဆောင်ကာ ရှေ့ဆက်သွားလိုက်သည်။

" ရှိုင်းမင်းခ ! မင်းကို လာလို့ပြောနေတယ်လေ ! မလာရင် မင်းကားတွေအကုန် မီးရှို့ပစ်မယ် "

ဦးသန်းထိုက်ထိုသို့ပြောလိုက်တဲ့အခါ ရှိုင်းမင်းခ ဧည့်ခန်းထဲကိုဝင်လာသည်။ ဦးသန်းထိုက်က သူ့အကြံအောင်သွားပြီထင်‌၍ ပြုံးနေယုံရှိသေး ရှိုင်းမင်းခကသူ့လက်ထဲက ကားသော့ပါ ပေးလာတယ်။

" သတိ - ကြားလူမဝင်ရ " ( Complete)Tahanan ng mga kuwento. Tumuklas ngayon