part - 11 ( U + Z )

12.8K 565 38
                                    

Unicode

ရှိုင်းမင်းခ တစ်ညလုံးအိပ်မပျော်ပေ။ သွေးပူပြီး ဒေါသထွက်သည့်အချိန်က လုပ်မိသမျှအရာအားလုံးသည် စိတ်ငြိမ်ပြီး သွေးအေးသွားသည့်အချိန်တွင် သူ့အားစိုးရိမ်စိတ်တစ်စွန်းတစ တော့ဝင်မိစေသည်။..သူ့ဘဝရဲ့ ပထမဆုံးရာဇဝတ်မှုတစ်ခုဖြစ်တာကြောင့် စိုးရိမ်စိတ်ဆိုသည်ထပ် ကြောက်စိတ်များဖြစ်နေမလား .၊  သူအရင်ကရန်ဖြစ်သည့်အချိန်ဆိုလျှင် နံဘေး၌ ဟန်ဆက်ပိုင်က အမြဲလိုလို ရှိနေတတ်ပြီး သူ့လက်သွေးစွန်းစေမည့်ကိစ္စမျိုးမဖြစ်အောင် အမြဲတားလေ့ရှိသည်။ ယခုချိန်ကျ တားမည့်သူမရှိတာကြောင့် လက်လွန်သွားသည်နှင်တူသည်။

ရှိုင်းမင်းခ နာရီကို တစ်ချက်ထကြည့်၍ မွန်းကြပ်သလိုခံစားရတာကြောင့် အိပ်ခန်းပြတင်းပေါက်ကိုထဖွင့်လိုက်တယ် ။ ထို့နောက် အိပ်ယာထဲဝင်လှဲကာနဘေး၌ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသော မြတ်ဘုန်းပျိုကို တစ်စိမ့်စိမ့် ကြည့်နေမိတယ်။ ပြတင်းပေါက်ကနေတိုးဝင်လာတဲ့ ညအလင်းရောင်က မြတ်ဘုန်းပျိုမျက်နှာပေါ်ကိုဖြာကျနေခဲ့တယ်။ အတော်ကိုလှရက်ပါပေတယ်။ ကော့စင်းနေတဲ့မျက်တောင်လေးတွေ နှုတ်ခမ်းနီးစွေးစွေးလေးတွေ ၊ ထိုလူသားရဲ့ အစိတ်ပိုင်းတစ်ခုစီက သူ့အား ဆင်ခြင်တုံ့တရားကင်းမဲ့သွားအောင်လုပ်ဆောင်နိုင်လွန်းလှသည်။

မြတ်ဘုန်းပျိုရဲ့ နဖူးပေါ်ဝဲကျနေတဲ့ ဆံစလေးတွေကို လက်ဖြင့်အသာဖယ်လိုက်တယ်၊ ထို့နောက် နှုတ်ခမ်းထောင့်စွန်းကဒဏ်ရာလေးကို လက်မဖြင့် ခပ်ဖွဖွလေးပွတ်သပ်လိုက်တော့ နာကျင်သွားဟန်ဖြင့် မျက်မှောင်ကျုံ့လာတယ်။ ရ်ှိင်းမင်းခ မြတ်ဘုန်းပျိုရဲ့ ခပ်နွေးနွေးဖြစ်နေတဲ့ပါးပြင်ကို နမ်းရှိူက်၍ သူလဲ အိပ်စက်အနားယူလိုက်တယ် ။

___

အချိန် အနည်းငယ်ကြာတော့ ရှိုင်းမင်းခ အိပ်ပျော်စပြုလာတယ် ။

" မောင်.. ! "

မြတ်ဘုန်းပျိုရဲ့အလန့်တကြားထအော်သံကြောင့် သူပြန်လန့်နိုးလာခဲ့တယ်။ရှိုင်းမင်းခ ချက်ခြင်းထထိုင်လိုက်ကာ မြတ်ဘုန်းပျိုလက်အားဆွဲကိုင်၍

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now