part - 27 ( U + Z )

12.6K 524 38
                                    

[Unicode]

ရှေးရတု မျက်စိစုံမှိတ်ကာ သတ်သေပစ်လိုက်ဖို့ဘဲရွေးချယ်လိုက်မိတယ် ၊ ယောင်္ကျားလေးတစ်ယောက်ဖြစ်နေသော်လည်း မိန်းကလေးတစ်ယောက်နေရာမှာအစားထိုးခံရတာနဲ့တင် လုံလောက်သင့်ပြီလေ ထပ်ပြီးတော့ သူအရှက်မရချင်တော့ပေ ။ ရှေးရတုသည် ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် လူ့အသက်ကို ကယ်သည့်နည်းလမ်းများကိုသိသလို အသက်လွယ်လွယ်ကူကူသေဆုံးနိုင်သည့် နည်းလမ်းများကိုလဲ ဆေးပညာသဘောအရ သူနားလည်တယ် ။

ရှေးရတု လျှာကိုအားဖြင့်ကိုက်ချလိုက်တယ် ၊ သို့သော်လည်း ဦးနိုင်က သူ့အပြုအမှုကို ဦးစွာရိပ်မိဟန်ရှိသည် ရှေးရတုပါးစပ်ထဲသို့ ချက်ချင်းလက်ထိုးထည့်ကာ လျှာအစား သူ့လက်ကို အကိုက်ခံလိုက်တယ်။ ထို့နောက် ဦးနိုင်က နမ်းနေတာကိုရပ်ကာ မျက်ထောင့်နီဖြင့် ရှေးရတုအားအော်လိုက်တယ်။

" ရှေးရတု ! "

" အနားထပ်ကပ်မလာနဲ့ ကျွန်တော်သတ်သေပစ်လိုက်မှာ "

ဟူ၍ ရှေးရတုဟာ အသက်မဲ့နေတဲ့မျက်လုံးတွေနဲ့ပြောလာတယ် ။ ထိုမျက်လုံးတွေနဲ့ကြည့်ပြီး ထိုသို့ အေးစက်စက်စကားကိုပြောလာတဲ့ ရှေးရတုအားကြည့်ကာ ဦးနိုင်ရင်ထဲ စူးနင့်စွာနာကျင်လာရတယ် ။

"ကျွန်မကိုကွာရှင်းပေး မဟုတ်ရင် ကျွန်မကိုယ့်ကိုကိုယ်သတ်သေပစ်မှာ "

" သေသွားရင်တောင် ကွာရှင်းမပေးနိုင်ဘူး ! မင်းကငါ့အပိုင် အခုရော နောင်ရော ၊ ရှင်းရှင်းပြောရရင် မင်းသေသွားရင်တောင် မင်းအလောင်းကိုဆေး‌ရည်စိမ်ပြီး ငါ့အနားထားမှာ၊ သတ္တိရှိရင်လုပ်လိုက် မင်းကိုဘယ်တော့မှ လွတ်မြောက်ခွင့်ပေးမှာမဟုတ်ဘူး "

" အဟက် ဒီမှာ ! မိန်းမတစ်ယောက်ရဲ့သတ္တိကို ရှင်မစမ်းကြည့်ချင်စမ်းနဲ့ ရှင်တောင်မထင်ထားလောက်တဲ့ သတ္တိတွေကျွန်မမှာရှိတယ် ၊ ကျွန်မဘဲရှင့်ဆီက လွတ်အောင်ပြေးနိင်မလား ရှင်ဘဲကျွန်မကို ဖမ်းဆုတ်ထားနိုင်မလား ကြည့်ရသေးတာပေါ့ ၊ ကစားပွဲဒီမှာစပြီ "

င်ိုထားတာကြောင့်ဘဲလားမသိ မျက်လုံးများနီရဲနေတဲ့ရှေးရတုအားကြည့်ကာ ဦးနိုင် သူ့ရဲ့ခါးသီးလှတဲ့အတိတ်ကို ပြန်မြင်ယောင်လာတယ် ။ ရတု ဒီပွဲမှာ မင်းနိုင်တယ် ကိုယ်ရှုံးသွားပြီး မင်းကိုရော မင်းနဲ့တူတဲ့လူကိုရော ကိုမဖမ်းဆုတ်ထားနိုင်ခဲ့ဘူး ။ ဒါမှမဟုတ် ကိုအစကတည်းကရှုံးနေခဲ့တာလား

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now