Extra - 6

10.3K 466 44
                                    

[Unicode]

" ဦးလေးကြီးကတော့ ဦးလေးကြီးရဲ့ မူပိုင်အဖြစ်နဲ့ ဘေဘီ‌ လို့ဘဲခေါ်လေ နော် "

ဦးနိုင်သည် ခေတ်အားကြောင်အ စွာကြည့်နေမိသည်။ဒီကလေး ရှက်ကြိုးနှင့် ချက်ကြိုး မှားဖြတ်ထားဟန်ရှိသည်။ ဦးနိုင်သည် သက်ပြင်းခပ်သဲ့သဲ့လေးချလိုက်ကာ

" မင်းဒူးခေါင်းကို ဆေးခန်းအရင်ပြရအောင် ပြီးရင်အိမ်လိုက်ပို့ပေးမယ် "

ဦးနိုင်၏ စကားကိုကြားသည့်အခါ ခေတ်ဟာ နှုတ်ခမ်းစူပုတ်ပုတ်ဖြင့် ကြည့်လာသည်။

" မင်း ! မင်း ! မင်း ! တစ်မင်းထဲမင်းနေတယ် ဘေဘီဆို ဘေဘီပေါ့ ဘာလဲ သူစိမ်းဆန်လိုက်တာ "

" ကိုတို့က သူစိမ်းတွေဘဲလေ တွေ့တာတစ်ရက်တောင်မပြည့်သေးတာကို "

" သားကတော့ ဦးလေးကြီးကို သိတာကြာပါပြီနော် ! သူ့ကြောင့် မြန်မာနိုင်ငံကိုလာခဲ့ရတဲ့ဟာကို "

ခေတ် ၏စကားကြောင့် ဦးနိုင် အံအားသင့်သွားရသည်။ သူ့ဘက်က ဒီကလေးအား ယခုမှစတွေ့ဖူးတာ အသေချာပင် ၊ ဒီကလေးက သူ့အားတွေ့ဖူးသည်ဆိုတာ လုံးဝဖြစ်နိုင်သည့်အရာပင်...

" မဖြစ်နိုင်တာ "

" သား ၁၄ နှစ်တုန်းက ဦးလေးကြီးကို စတွေ့ဖူးတာ "

" ဘယ်မှာလဲ ? "

" မဂ္ဂဇင်းမှာ "

ဦးနိုင်အသေချာပြန်စဉ်းစားကြည့်လိုက်သည် ။ သူသည် တစ်ချိန်က ရုပ်ရှင်မင်းသား မင်းသမီးများနည်းတူ နာမည်ကြီးသတင်းစာ မဂ္ဂဇင်းနှင့် ရုပ်သံလွှင့်အစီစဉ်တွေမှာ ကြော်ငြာခြင်းခံခဲ့ရသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးပညာရှင် ဖြစ်သည့်အတွက်ပင် ၊ ထို့အပြင် သူ့ရဲ့ တည်ကြည်ခံညားလှသည် ရုပ်ရည်ကြောင့် မကြာခန ပြည်ပအထိလည်းကျော်ကြားဖူးသည်။ သို့သော်လည်း ထိုအရာများကို ဦးနိုင်မမက်မောခဲ့ သူမက်မောခဲ့သည်က တစ်ခုတည်းသာ....

" အဲ့ကတည်းက သား စပြီး ဂေးတော့တာဘဲ "

ဦးနိုင်ထိုကလေးအား မသင်္ကာသည့်အကြည့်ဖြင့် ခြေစခေါင်းဆုံးပြန်ကြည့်လိုက်သည်။ နီညိုရောင် ဆံပင်ကောက်ကောက်များနှင့် ကောင်းကင်ပြာရောင်မျက်စံနဲ့ထိုကလေး.. နီဆွေးဆွေးနှုတ်ခမ်းပါးအပြင် ဖြူဖွေးနေသောအသားရေ...တကယ့်ကို အနောက်တိုင်းလူမျိုးများအတိုင်းပင်

" သတိ - ကြားလူမဝင်ရ " ( Complete)Unde poveștirile trăiesc. Descoperă acum