part - 32 ( U + Z )

13.3K 539 43
                                    

[Unicode]

အခန်းအတွင်း၌ ညအိပ်မီးသီး၏အလင်းရောင်သာမှိန်ဖျဖျလေးထွန်းလင်းနေသည် ၊ အမှောင်ထုဟာ ကြီးစိုးလာလေလေ ရှေးရတု၏ အတွေးများဟာလဲ ထိတ်လန့်စရာကောင်းလာလေလေ ဖြစ်၏ ၊ရှေးရတုသည် ကုတင်ခြေရင်းမှာရှိတဲ့ နရံအားမရည်ရွယ်ပါဘဲ မျက်တောင်မခတ်ကြည့်နေမိတယ်။ သူဦးနိုင်ဆီက ထွက်ပြေးလာတာ တစ်လနီးပါးပင်ပြည့်တော့မည်။ ယခုအချိန်ထိ ဦးနိုင်ဘက်က ဘာဆိုဘာမှ မလှုပ်ရှားလာသေးသလို သူ့အားလဲရှာမလာပေ ။ ဦးနိုင်သာ သူ့ကိုလက်လွှတ်လိုက်ပြီဆိုလျှင် သူ့အတွက် ဝမ်းသာစရာကိစ္စရပ်ဖြစ်သည်။ သို့သော်ငြားလည်း ယခုလိုဦးနိုင်ဘက်က တိတ်ဆိတ်နေခြင်းဟာ သားကောင်ကို ခုန်အုပ်ရန်အနောက်သို့ခြေတစ်လှမ်းဆုတ်ကာ အရှိန်ယူနေခြင်းဖြစ်မှာကို စိုးထိတ်လွန်းလှသည်။ အဲ့လိုသာဆိုလျှင်...သူထပ်မတွေးဝံပေ ။ သူ့အားကူညီပေးနေသော ပိုင့်အပြင် ရှိုင်းမင်းခတို့ကိုပါ ထိခိုက်သွားစေနိုင်သည်။ ဒါမှမဟုတ် သူတစ်ယောက်ထဲ လူမသိသူမသိထွက်သွားသင့်လား...?

ရုတ်တရက် တစ်ခန်းလုံးလင်းထိန်သွားခဲ့၏ ။ ဟန်ဆက်ပိုင် ရှေးရတုအခန်းထဲကို အသံတိတ်ဝင်လာပြီး အချိန်တစ်ခုလောက်ထိ အတွေးလွန်နေတဲ့ ရှေးအားသူငေးကြည့်နေမိခဲ့သည်။ ကြည့်နေရင်းနှင့်ပင် ရှေးရတု၏ မျက်နှာပေါ်တွင် ခံစားချက်ပေါင်းမြောက်များစွာကို သူခံစားမိလိုက်တယ် ၊ အမှောင်ထဲ၌ ဒီထပ်ကြာကြာထပ်နေလျှင် ရှေးရတု မဟုတ်‌တာတွေလျှောက်တွေးမှာ သူစိုးထိတ်လှသည် ၊ ထို့ကြောင့် တစ်ခန်းလုံး၌ရှိသောမီးများအား လင်းထိန်သွားအောင်ဖွင့်လိုက်ခြင်းဖြစ်၏။

" အကို "

ရှေးရတုသည် ညို့မှိုင်းနေသောအကြည့်များဖြင့် လှည့်ကြည့်လာတယ် ၊ ဟန်ဆက်ပိုင်အားတွေ့သည်နှင့် ထိုအကြည့်ဟာ တစ်ခနမျှသာဖြစ်ပြီး ချက်ချင်းဆိုသလို မျက်နှာ၌ အပြုံးတစ်ပွင့်ကိုပန်ဆင်လိုက်သည်။

" ဟင် ? ပြောစရာရှိလို့လား ပိုင် "

ဟန်ဆက်ပိုင်သည် ရှေးရတုဘေးနား၌ဝင်ထိုင်လိုက်ကာ ရှေးရတုခုနကကြည့်နေခဲ့သော နံရံကိုကြည့်၍

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now