part - 19 ( U + Z )

11.5K 549 54
                                    

[Unicode]

အခန်းထဲ၌ရှိသော လူသုံးယောက်ဟာ တိတ်ဆိတ်ခြင်းအတိဖြင့် မလှုပ်မယှက်ထိုင်နေကြတယ်။ ရှိုင်းမင်းခ ကတော့သိသိသာသာပင် အေးစက်စက်အရှိုန်ဝါတစ်ခုကို ထုတ်လွှင့်နေတာကြောင့် မြတ်ဘုန်းပျို တစ်ယောက်ယခင်ကထပ်ပို၍ပင် အေးလာသည်ဟုခံစားမိလာသည်။ ဟန်ဆက်ပိုင်ကတော့ ပေါ့ပေါ့ပါးပါးနှင့် သူအမှားမလုပ်ထားသလိုမျိုးစကား စလာတယ်။

" သုန္ဓရီမေ က မင်းနဲ့ဘယ်လိုလုပ်ပါလာတာလဲ "

" ငါ့အဖေခေါ်သွားခိုင်းတာ "

" အော် "

ဤ မျှလောက်သာပြောပြီး အခန်းဟာတစ်ဖန်ပြန်တိတ်ဆိတ်သွားတယ် ။ ရှိုင်းမင်းခ သူ့ရှေ့ကလူကို စိုက်ကြည့်လိုက်တယ် သူ့ရင်ထဲရင်းနှီးနေသလိုခံစားနေရသော်လည်း သူစိတ်ထဲထိုလူနှင့် ပတ်သတ်သည့်မှတ်ဉာဏ်တစ်စွန်းတစ်စမှ မရှိပေ။

ရှိုင်းမင်းခ ၏စိုက်ကြည့်ခြင်းကိုခံနေရတာကြောင့် မြတ်ဘုန်းပျိုသည် စိတ်လှုပ်ရှားကာ ဘောင်းဘီစကို ကျစ်ကျစ်ပါအောင်ဆုတ်ထားမိသည်။

" ကျုပ်တို့တွေ့ဖူးလား "

ရှိုင်းမင်းခ မေးလာတဲ့အခါ မြတ်ဘုန်းပျိုက ခပ်တိုးတိုးဖြင့်

" ဟို ဆေးရုံမှာတုန်းက... "

" မဟုတ်ဘူး အဲ့မတိုင်ခင်က "

ဘောင်းဘီစကိုဆုတ်ကိုင်ထားသည့်မြတ်ဘုန်းပျိုလက်တွေဟာပို၍ပင်တင်းကြပ်သွားတော့သည်။ သူရှိုင်းမင်းခကို လိမ်ရန်အတော်ပင်ခက်ခဲနေခဲ့သည်။ အမှန်တိုင်းပြောလိုက်ပြန်လျှင်လည်း ရှိုင်းမရမကစဉ်းစားပြီး တစ်ခုခုထိခိုက်သွားမှာစိုးလှသည်။ ထို့ကြောင့် သူဘာတစ်ခွန်းမှမဟဘဲ နှုတ်ဆိတ်၍သာနေလိုက်သည်။

မြတ်ဘုန်းပျိုက ဘာတစ်ခွန်းမှပြောမလာတာကြောင့် တွေ့ခဲ့ဖူးတာသေချာတယ်ဟူ၍ ရှိုင်းမင်းခ ကောက်ချက်ချလိုက်တယ်။

" ကျုပ်တို့နှစ်ယောက်ဆက်ဆံရေးက ဘာလဲ "

ထိုအမေးစကားကြားလိုက်ရတဲ့အချိန် မြတ်ဘုန်းပျိုရင်ထဲဝမ်းနည်းလာတယ် ။ ညပေါင်းများစွာ တစ်အိပ်ယာထဲအိပ်စက်ပြီး မနက်ခင်းတိုင်းအတူနိုးထတဲ့ဆက်ဆံရေးမျိုး ၊ သူ့နှုတ်ခမ်းပါးကို မက်မောစွာနမ်းရှိုက်ခဲ့တဲ့ဆက်ဆံရေးမျိုး ၊ ချိုသာတဲ့ စကားများသာပြောပြီး နွေးထွေးတဲ့ အပြုံးများသာပေးသောဆက်ဆံရေးမျိုး ၊ အဲ့လိုဆက်ဆံရေးမျိုးကိုသူဘယ်လိုအဓိပ္ပာယ်ဖွဲ့ဆိုသင့်လဲ၊ မြတ်ဘုန်းပျို ဟန်ဆက်ပိုင်ကို အကူညီရလိုရငြား မသိမသာလေးကြည့်လိုက်တဲ့အချိန်..

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now