Extra - 9

15.2K 439 36
                                    

[Unicode]

ရင်ခွင်ထဲ သို့အတင်းတို့ဝှေ့ကာ မိမိအားတင်းကြပ်စွာဖက်ထားသည့်ကလေးငယ်အား ဦးနိုင် တစ်စိမ့်စိမ့်ကြည့်နေမိသည်။ ဖြူအုအု အသားရေပေါ်တွင် သူပေးထားသည့် အမှတ်များကြောင့် ဦးနိုင်စိတ်မကောင်းဖြစ်နေမိသည်။ ကလေးငယ် နာများသွားသလား...

ထို့နောက် မျက်ခမ်းစက်သို့ ကော့စင်းညွှတ်ကျနေသော မျက်တောင်ရှည်ကြီးများမှ တဆင့် ပန်းဆီရောင်သမ်းပြီး အနည်းငယ် ပွန်းပဲ့နေသောနှုတ်ခမ်းသားပေါ်သို့အကြည့်ရောက်သွားခဲ့သည်။ ညက နမ်းလိုက်တာ အတော်ကြမ်းသွားသည်နှင့်တူသည်ဟုဆိုကာ ဦးနိုင်ထပ်မံ၍ စိတ်မကောင်းဖြစ်ရပြန်သည်။

သူဒီလိုခံစားချက်မျိုး တစ်ကြိမ်တစ်ခါမျှမခံစားဖူးပေ ။ သူ မချစ်ခဲ့ဖူးတာမဟုတ်ပေ ချစ်ခဲ့ဖူးသည် ။ သို့သော် သူကြုံတွေ့ခဲ့သမျှ အချစ်ဆိုသည့်အရာဟာ နာကျင်စရာအတိ...၊ အခုကြုံနေရသည့် ခံစားချက်ကရော ဘာများလဲ .. ချစ်ခြင်းတွေက ယခုကဲ့သို့ ပျော်စရာ ၊ ကြည့်နူးစရာ ကောင်းနေတတ်သည်လား ၊ ဒါမှမဟုတ် အချစ်ဟု သူထင်ယောင်ထင်မှားဖြစ်နေမိတာလား...

သူ ခေတ်အားချစ်သည် ။ ခေတ်သည် ဉီးနိုင်ဘဝထဲကို ခေတ်ကိုယ်တိုင်ဝင်လာခဲ့ခြင်းဖြစ်သည်။ ဒါဟာအချစ်ဟု ထင်ယောင်ထင်မှား ဖြစ်နေခဲ့လျှင်တောင် ဦးနိုင် ခေတ်အားလက်မလွှတ်တော့ပေ ။ ဦးနိုင်သည် သူ့အတွေးနှင့်သူ စိုးရိမ်စိတ်ဖြင့် ခေတ်အား ပိုတိုးကာဖက်လိုက်မိသည်။ ထိုအခါ ခေတ်ထံမှ ညီးသံသေးသေးလေးထွက်ပေါ်လာသည်။

" အင့် "

"...."

ဦးနိုင်သည် ခေတ်အားဖက်ထားသည်ကို ချက်ခြင်းဖြေလျော့လိုက်ကာ အသက်ပင် ခပ်ပြင်းပြင်းမ‌ရှုတော့ဘဲ မလှုပ်မယှက်ဘဲ ငြိမ်နေလိုက်သည်။ သူ့ကလေးငယ် နိုးသွားမှာ စိုးထိတ်သည့်အလား..

မျက်မှောင်ကျုတ်ထားသော ခေတ်အား ဦးနိုင်ကြည့်ကာ စိတ်ထဲမရွှင်သာဖြစ်လာရတော့သည် ။ ညကအဖြစ်ပျက်သည် ခေတ်၏ပထမဆုံးအကြိမ်ဆိုတာကို ယောင်္ကျားတို့ဗီဇအရ ဦးနိုင်သိသော်လည်း သူခေတ်အားကြမ်းကြမ်းတမ်းတမ်းပြုမှုမိခဲ့သည်။ သူဟာတကယ့်ကို မကောင်းတဲ့လူကြီးပါလားဟု တွေးတောကာ ခေတ်၏ နဖူးအားထိရုံမျှသာ ငုံ့နမ်းလိုက်လေသည်။ ထို့နောက် ခပ်တိုးတိုးဖြင့်

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now