part - 25 ( U + Z )

12.6K 514 62
                                    

[Unicode]

" ဘာလဲ အဲ့လူက ရှေး ကိုသူ့မိန်းမနေရာမှာ အစားထိုးထားတာလား ? "

ဟန်ဆက်ပိုင် မယုံကြည်နိုင်စွာဖြင့် ပါးစပ်ကနေထုတ်ပြောမိသွားတယ် ၊ ထိုအခါ မင်းခမ်းပိုင်နှင့် ရှိုင်းမင်းခတို့၏ အကြည့်က ဟန်ဆက်ပိုင်ဆီကိုရောက်လာသည်။

" ရှေးရတု ဆိုတဲ့ကောင်လေးနဲ့ မင်းနဲ့ဆက်ဆံရေးကဘာလဲ "

မင်းခမ်းပိုင်တည်ငြိမ်စွာမေးလာတယ် ။ သူပုံစံက သူ့ညီနဲ့ ရှေးရတုတို့၏ ဆက်ဆံရေးကဘာဘဲဖြစ်နေပါစေလက်ခံပေးမည့်ပုံပေါ်သည်။ ရှိုင်းမင်းခလည်း မင်းခမ်းပိုင်မေးခွန်း၏ အဖြေအားသိချင်နေသည့်ဟန်ဖြင့် ဟန်ဆက်ပိုင်ကိုသာကြည့်နေတယ်။

" ... "

အကိုဖြစ်သူ၏မေးခွန်းအား သူ့တွင်ဖြေရန် အဖြေမရှိပေ။ သူတို့နှစ်ယောက်ဆက်ဆံရေးကဘာလဲ ၊ မိတ်ဆွေသူငယ်ချင်းလား ဒါမှမဟုတ်အဲ့ထပ်ပိုလား?

" မသိဘူး "

" မသိဘူး ? အဟက် ! မင်းသူ့ကို ကြိုက်နေတာမလား.. သိတာသိပ်မကြာသေးတဲ့ သာမာန်မိတ်ဆွေလောက်ဆို မင်းဒီလောက်ထိ ဖြစ်ပျက်နေမှာမဟုတ်ဘူး "

ရှိုင်းမင်းခက လှောင်ရယ်သံတစ်စွန်းတစ်ခဖြင့် ပြောလာတယ်။

ကြိုက်နေတာ ငါသူ့ကိုကြိုက်နေတာလား ? ဟန်ဆက်ပိုင် ဝေခွဲမရဖြစ်နေခဲ့တယ် ၊ သေချာတာကတော့ အခုရှေးကိုသူအရမ်းတွေ့ချင်နေပြီး ဘယ်သူမှမတွေ့အောင်ဖွက်ထားပေးလိုက်ချင်တယ်..ရှေးအန္တရာယ်ကင်းတာသေချာလားမသေချာလားသူသိချင်နေမိတယ်..

" ဒါပေမယ့် ဘာဘဲဖြစ်ဖြစ်ပါ ၊ အကယ်၍ ဦးနိုင်ဆိုတဲ့လူနဲ့မင်းထိပ်တိုက်တွေ့မယ်ဆိုရင်လဲ ငါမင်းကို ကူညီဖို့အသင့်ဘဲ ၊ သူ့ဘာသာသူ ဘုရင်တစ်ဆူမကလို့ နတ်ဘုရားဘဲဖြစ်နေပါစေ မင်းနောက်မှာငါရှိတယ် ၊ မင်းတစ်ခုဘဲ ကတိပေး တစ်ယောက်တည်းစိတ်လိုက်မာန်ပါမလုပ်နဲ့ "

ဟုပြောကာ ရှိင်းမင်းခ ဆိုဖာမှထလိုက်တယ်။

" ငါဒီည wedding party တစ်ခုသွားစရာရှ်ိလို့ ငါပြန်နှင့်မယ် "

ဟန်ဆက်ပိုင်ခေါင်းညိမ့်ပြယုံသာ ညိမ့်ပြခဲ့တယ် ။ သူရှေးရတုအားမတွေ့ရတဲ့နေ့မှစ၍ ဟန်ဆောင်ပြီးတောင်မပြုံးပြချင်ပေ။ သူရင်ထဲခဲဆွဲထားသလိုလေးလံနေခဲ့တယ် ။
_______

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now