part - 17 ( U + Z )

10.7K 532 49
                                    

Unicode

မြတ်ဘုန်းပျို၏ ငယ်ဘဝဟာ ခက်ခဲပင်ပန်းသည့်အထဲတွင်မပါပေ ၊ မိသားစုထဲတွင် မြေးဦး ၊ သားဦးဖြစ်သည့်အပြင် မွေးရာပါ နှလုံးရောဂါကြောင့် မိသားစုဟာ သာမာန်ထပ်ပို၍ ပင်ဂရုတစိုက်ရှိခဲ့ကြသည်။ မိသားစုဟာ ပြည့်စုံလွန်းနေသည်မဟုတ်သော်လည်း သားဖြစ်သူမြတ်ဘုန်းပျို လုပ်ချင် ၊ ဖြစ်ချင်သည့် ကိစ္စအတော်များများကို မရမက ဖြည့်ဆည်းပေးလေ့ရှိသော်ငြားလည်း မြတ်ဘုန်းပျိုကိုယ်တိုင်ကလည်း အလိုက်တသိပင် မည့်သည့်အရာမှမတောင်းဆိုခဲ့ပေ။သို့သော် ရန်ကုန်တက်လာသည့်အချိန် ပထမဆုံး မိမိခြေထောက်ပေါ်မိမိရပ်တည်ရခြင်းဖြစ်သည့်အတွက် အပြင်လောက ဟာဘယ်လောက် ခက်ခဲပင်ပန်းလဲဆိုတာ မြတ်ဘုန်းပျိုကိုယ်တိုင်ကြုံတွေ့ခဲ့ရချေပြီ။

အလုပ်သင်ဘဝ ဖြစ်သည့်အလျောက် အချိန့်ပြည့်ဝန်ထမ်းများထပ် ပို၍ပင်ပန်းလှသည်။ တစ်နေ့တစ်နေ့ ဟိုပြေးလိုက်ဒီပြေးလိုက်နှင့် ၊ဟိုတယ်မန်နေဂျာ၏လက်ထောက်ဖြစ်သော်ငြားလည်း အလုပ်သင်ဖြစ်သည့်အတွက် ရုံးတွင်ရှိသည့်လူများသည် ခိုင်းစရာရှိလျှင် မြတ်ဘုန်းပျိုဘဲ ပြေးမြင်တတ်ကြသည်။ မန်နေဂျာ ဦးလေးကိုယ်တိုင်ကလည်း လုပ်ပေးစရာမလိုဘူး ဟုပြောလာသော်လည်း မြတ်ဘုန်းပျိူ၏ ပင်ကိုယ်ဗီဇ အရအားနာတတ်တာကြောင့် တောင်းဆိုသမျှကိုငြင်းသည်က အတော်ရှားသည်။ ထိုကြောင့် ရလဒ်အနေနှင့် ညအချိန်နှင် မနက်အိပ်ယာထချိန်တွင် သူ၏ အဆစ်မြစ်ကိုက်ခြင်းမှာ ပိုလို့ပင်ဆိုးရွားလာသည်။

ဒီမနက်လည်း ကိုက်ခဲမှုများဖြင့်နိုးထလာခဲ့တယ် ။ ဘယ်အချိန်မှာ အနှီကိုက်ခဲမှုများနှင့် အသားကျလာမလဲ .. ရန်ကုန်ရောက်မှ ကိုက်ခဲမှုက သိသိသာသာပင်ပို၍တိုးလာခဲ့သည်။ မြတ်ဘုန်းပျို တိုင်ကပ်နာရီကို ကြည့်လိုက်တယ် မနက် ၅ နာရီခွဲပြီဖြစ်တယ် ၊ အလုပ်ပိတ်ရက်ဖြစ်သောကြောင့် အနားယူချင်ပါသော်လည်း လေးဘက်နာပိုးစစ်ရန် ဆေးရုံ၌ ရက်ချိန်းယူထားပြီးသားဖြစ်လေသည်။

သူပြင်ဆင်ပြီးသည်နှင့် ဆေးရုံသို့ ဘတ်စ်ကား စီး၍ဘဲလာခဲ့သည်။ လခစားဝန်ထမ်းဖြစ်သည့်အတွက် Taxi စီးနိုင်လောက်သည်အထိ သူ့ပိုက်ဆံမသုံးဖြုန်းနိုင်ပေ။ ဒီကြားထဲတွင် သူအချိန်ရလျှင် ရသလိုရှိုင်းအားရှာခဲ့သော်ငြားလည်း သူ့လို မြို့ရောက်ရွာသားလေးတစ်ယောက်အတွက်အလွန်ပင်ခက်ခဲလှသည်။

" သတိ - ကြားလူမဝင်ရ " ( Complete)Tahanan ng mga kuwento. Tumuklas ngayon