part - 18 ( U + Z )

11.3K 545 16
                                    

[Unicode]

ဟန်ဆက်ပိုင်ရဲ့ ချိန်းဆိုမှုအတိုင်း မြတ်ဘုန်းပျို ရောက်လာခဲ့တယ် ။ သူ့အား အယုံလွယ်လှချည့်လားဟု ပြောလည်း ခွန်းတုန့်ပြန်မှာမဟုတ်ပေ ။ ရှိုင်း အားသူမျက်မြင်တွေ့လိုက်ရတာကြောင့် ရှိုင်းနှင့်ပတ်သတ်သည့် ကိစ္စအဝဝ ကိုသိရဖို့ သူဘာမဆို လုပ်မှာသေချာပေါက်ပေ။ ရှိုင်းက သူ့အားလွယ်လွယ်နှင့် စွန့်ပစ်မည့်သူမဟုတ်တာလဲ ‌သူသေချာပေါက်သိသည်။

မြတ်ဘုန်းပျို လက်ထောက်အလုပ်တာဝန်ပြီးသည်နှင့် တပြိုင်နက် ဟန်ဆက်ပိုင်ပေးသည့် လိပ်စာကဒ်ထဲကအတိုင်း သူလာခဲ့သည်။ သူရှေ့က ကြီးမားလှတဲ့ အဆောက်အဦးကိုကြည့်ပြီး သူဘယ်အပေါက်ကဝင်သင့်လဲဆိုတာကို ဝေခွဲမရဖြစ်နေချိန်တွင် အမဲရောင် ဝတ်ထားသည့် ခပ်ထွားထွားလူတစ်ယောက်က အနားလာကာ

" ကောင်လေး မင်းက မြတ်ဘုန်းပျို ဆိုတာလား "

မိမိထပ်အစပေါင်းများစွာ ထွားကျိုင်းနေသော ထိုလူအားကြည့်ကာ မြတ်ဘုန်းပျို ခပ်လန့်လန့်ဖြစ်သွားတယ် ၊ ထိုလူ လက်ဖြင့် တစ်ချက်တွန်းလိုက်တာနှင့် မိမိမှာလွင့်ထွက်သွားနိုင်သည်မဟုတ်ပါလား ၊

" ဟုတ် "

" လာ ကိုကြီးနောက်လိုက်ခဲ့ ၊  အကိုလေးကပြောထားတယ် ပါးပြင်ပေါ်မှာမှည့်နဲ့ ၁၇ .၁၈ အရွယ်ကောင်လေးလာရင် သွားခေါ်လိုက်လို့ "

၁၇ ၊ ၁၈ ? မြတ်ဘုန်းပျို စိတ်ထဲကနေတွေးလိုက်တယ် "လူများမှားနေတာလား "

" အပေါ်ထပ်မှာက hotel နဲ့ အိမ်ယာ တွေလေ အောက်ဆုံးထပ်နဲ့ မြေအောက်ခန်းမှာက bar နဲ့ club တွေ ၊ အကိုလေးက ဒီမှာရှိတာများတယ် ၊ ကျန်တဲ့ ဆိုင်ခွဲတွေကိုက လက်ထောက်တွေနဲ့ဘဲ လွှတ်ထားတာ "

" အာ ဟုတ် "

မမေးပါနဲ့ ဖြေနေသော ထိုလူကြောင့် မြတ်ဘုန်းပျို အလိုက်တသိပင် ခေါင်းငြိမ့်ကာ‌နားထောင်နေလိုက်တယ် ။

Club ဖြစ်သော်ငြားလည်း ညနေခင်းအစောပိုင်းဖြစ်တာကြောင့် အဝင်လမ်းမှာ အရမ်းကြီးမှောင်မိုက်‌မနေဘဲ ခပ်ဖျော့ဖျော့ အလင်းရောင်ထုတ်လွင့်‌နေပြီး သီချင်းငြိမ့်ငြိမ့်လေးဖွင့်ထားသည်။ club ထဲတွင် ဝန်ထမ်းများမှ လွဲ၍အခြားသူမရှိပေ။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now