part - 12 ( U + Z )

12.4K 579 19
                                    

Unicode

မြတ်ဘုန်းပျိုသည် လူကသာစာသင်နေသောငြားလည်း စိတ်ကအခန်းအပြင်တွင်ထိုင်နေသော ရှိုင်းမင်းခဆီ၌သာကပ်တွယ်နေလေတယ်။ ကလေးတွေကိုစာတစ်ခါဖတ်ပြလိုက် အခန်းအပြင်ဘက်သို့အကြည့်ရောက်လိုက်နှင့် ဂနာမငြိမ်‌ဖြစ်နေခဲ့တယ်။ ထိုအချိန်ရှိုင်းမင်းခက ခုံမှထကာ ကျောင်းဝန်းထဲ၌ စိုက်ထားသော စံကားပန်းပင်ဆီသို့သွားနေတာကြောင့် ဘာများလုပ်မလို့လဲဟူ၍ မြတ်ဘုန်းပျိုကြည့်နေမိတယ်။

" *ဘမ်း *......ဆရာ ! "

အရှေ့ဆုံးတန်းမှာထိုင်သည့်ကလေးက စာရေးထိုင်ခုံအားလက်ဖြင့် ရိုက်ကာရုတ်တရက်ဆရာဟုထအော်လာတာကြောင့် မြတ်ဘုန်းပျို လန့်သွားတယ်။

" ‌ဖြေးဖြေးခေါ်ပါ ဆရာကြားပါတယ် "

မြတ်ဘုန်းပျို အနည်ငယ်မကျေနပ်ဟန်ဖြင့် ကလေးအားဆူလိုက်တယ်။ထိုအခါ ထိုကလေးက နှုတ်ခမ်းလေးစူကာ

" သားသား ခေါ်တာဖြင့်ကြာလှပြီကို .. ဆရာက သူများသားကိုဘဲချောင်းကြည့်နေပြီးတော့ "

ချောင်းကြည့်တယ်? ဘယ်သူလဲငါကလား ?မြတ်ဘုန်းပျိုမျက်နှာတစ်ခုလုံးရဲတက်လာတယ်။ ကလေးကပါပြောလာရတဲ့အထိ အဲ့သလောက်သိသာသွားတာလား..

" ချောင်း...ချောင်းကြည့်တယ်? မကြည့်ပါဘူး ဆရာက ဘယ်သူ့ကိုချောင်းကြည့်ရမှာလဲ "

မြတ်ဘုန်းပျိုရှက်ရမ်းရမ်းကာ စကားများပင်ထစ်ကုန်တော့သည်။

" ဟိုးက သူများသားလေ ဆရာဘဲအဲ့ကိုကို ကိုချောင်းကြည့်နေပြီးတော့ "

အနှီကလေးက ရှိူင်းမင်းခရှိရာကိုလက်ညိုးထိုးကာပြောလာတယ်။ ရှိုင်းမင်းခလဲ သူ့အကြောင်းပြောနေသည်ကို ခံစားမိဟန်ဖြင့် မြတ်ဘုန်းပျိုတို့ဘက်ကိုလှည့်ကြည့်ကာ အစွယ်လေးများပေါ်သည်အထိ ပြုံးပြလာတယ်။
လက်ထဲတွင်လည်း ဝင်းဝါနေသည့် စံကားပွင့်များကို ကိုင်ထားသေးသည်။

' ချောလိုက်တာ ' မြတ်ဘုန်းပျိုရေရွတ်မိသွားတယ်။ထို့နောက်ရှိူင်းမင်းခက သူ့ဆီလာနေသည်ကိုတွေ့တဲ့အခါ မျက်နှာလွှဲလိုက်ကာ ရှက်နေသည့်စိတ်ကို ဖိနှိပ်လိုက်တယ်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now