Extra - 2

13K 408 43
                                    

[Unicode]

A/N - မြတ်ဘုန်းပျို ကိုယ်ဝန်နှစ်လခန့်ရှိသည့်အချိန်ကာလ ၌ ရှေးရတုနှင့် ဟန်ဆက်ပိုင်တို့၏ အခြေအနေ..

                                      ****
ကြေးနီရောင်သမ်းနေသော နေမင်းကြီးသည် ကောင်းကင်မှနေ၍ အနောက်ဘက်သို့ ဝင်စပြုနေပြီဖြစ်သည်။  ညလေညှင်းများဟာလည်း အေးစက်စွာ တိုက်ခတ်နေပြီး ဖြောင့်ဖြူးနေသော လမ်းမထက်တွင် Yamaha အမျိုးအစားဆိုင်ကယ်အမဲရောင်လေးတစ်စီး မြန်လွန်းသည်လည်းမဟုတ် နှေးလွန်းသည်လည်းမရောက် ပုံမှန်အရှိန်ဖြင့်မောင်းနှင်နေသည်မှာ ဆိုင်ကယ်အနောက်တွင် ထိုင်စီးနေသော လူငယ်လေးအားထိခိုက်သွားမှာစိုးသည့်အလား...

မိမိခါးအားဖက်ထားသော ဖြူသွယ်သွယ်လက်လေးများဟာ တစ်ချက်တစ်ချက် တင်းကြပ်သွားတာကြောင့် ဟန်ဆက်ပိုင်အလိုမကျစွာဖြင့် မျက်မှောင်ကျုံ့လိုက်သည်။ ထို့နောက် ကားရှင်းသည့်အချိန်တွင် ဆိုင်ကယ်အား လမ်းဘေးတစ်နေရာသို့ ထိုးရပ်လိုက်သည်။

" အေးနေပြီလား "

" ဟင့်အင်းမအေးပါဘူး "

ရှေးရတုသည် ခေါင်းခါ၍ ငြင်းလိုက်သော်လည်း သူ၏ နှာခေါင်းထိပ်လေးနှင့် နားရွက်ဖျားလေးများဟာ နီရဲစွာဖြင့် သစ္စာဖောက်နေလေသည်။ ဟန်ဆက်ပိုင်သည် နှာခေါင်းထိပ်လေးများရဲနေသော ရှေးရတုကိုကြည့်လိုက်ပြီး အေးစက်စက်ဖြစ်နေသော ရှေးရတု၏ လက်အားဆုတ်ကိုင်လိုက်၏ ။

" ကားနဲ့သွားမယ်လို့ ကျွန်တော်ပြောသားဘဲ ၊ ကျွန်တော် ကားကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်ပါတယ် "

ရှေးရတု ခပ်ပြုံးပြုံးဖြင့် ဆိုင်ကယ်ပေါ်မှဆင်းလိုက်ကာ အကြောဆန့်လိုက်သည်။ ထို့နောက်

" ပိုင်မောင်းတဲ့ဆိုင်ကယ်နောက်လိုက်စီးချင်လို့ပါ ၊ ပြီးတော့ ရှိုင်းမင်းခကလည်း အရေးတကြီးလှမ်းခေါ်နေတာမဟုတ်လား နောက်ကျလို့မကောင်းဘူးလေ ၊ ကားနဲ့သွားရင် ကားလမ်းပိတ်တာဘာညာနဲ့ ကြာနေအုံးမှာ ဆိုင်ကယ်နဲ့ကျ ပိုမြန်ပြီးခရီးပိုရောက်တယ်လေ "

ဟန်ဆက်ပိုင် သည်ရှိုင်းမင်းခတို့၏အိမ်တွင် အချိန်ကြာကြာနေရန်မသင့်လျှော်တာကြောင့် ရှေးနှင့်နှစ်ယောက်တည်းအတူနေရန် မြို့စွန်၌ရှ်ိသော ဗီလာတစ်ခုကိုလွန်ခဲ့သည့်တစ်လခန့်က ဝယ်ယူ၍ ပြောင်းနေခဲ့သည်။ ရှေးရတုသည် မကန့်ကွက်ခဲ့သော်ငြားလည်း သူ့လိုလူတစ်ယောက်အတွက်ပိုက်ဆံအကုန်မခံရန်ပြောလာခဲ့သည်။ ယနေ့မနက်ခန့်က ရှိုင်းမင်းခသည် ဟန်ဆက်ပိုင်အားဖုန်းဆက်၍ မြတ်ဘုန်းပျိုနေမကောင်းသည့်အတွက် ရှေးရတုပါခေါ်၍ သူ့ဆီလာရန် ပြောလာခဲ့သည်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now