Extra - 1

15.1K 463 23
                                    

[Unicode]

ရှိုင်းမင်းခသည် သူ့နံဘေးတွင် မသက်မသာ ဖြစ်နေသည့်ပုံစံဖြင့် မျက်မှောင်ကျုံ့ကာ အိပ်နေသောမြတ်ဘုန်းပျိုအား စိုးရိမ်စိတ်ဖြင့်ကြည့်နေမိသည်။ ကိုယ်ဝန် လရင့်လာလေလေ မြတ်ဘုန်းပျို၏ ခန္ဓာကိုယ်မှာလဲ ပို၍ပင်ပိန်လာခြင်းကြောင့် သူ့ရင်ထဲလေးလံနေမိသည်။ ကိုကို့ကို ကလေးယူဖို့ခွင့်ပြုလိုက်မိတာ သူမှားများသွားပြီလား ....

" ဟင်းးးးး "

မြတ်ဘုန်းပျိုဆီမှ ညည်းသံထွက်ပေါ်လာတာကြောင့် ရှိုင်းမင်းခ ရင်ထဲထိတ်ခနဲဖြစ်သွားတယ် ။

" ကိုကို "

သူ မြတ်ဘုန်းပျိုအား အသာလှုပ်နှိုးကြည့်လိုက်တယ် ။

" ဟင် "

မြတ်ဘုန်းပျို မျက်လုံးများလေးပင်စွာပွင့်လာခဲ့သည်။ ကိုယ်ဝန် ၈ လကျော်နီးပါး ရှိပြီဖြစ်သည့်အတွက် မြတ်ဘုန်းပျို၏ ဗိုက်ဟာ အတော်ကို လုံးလုံးဝန်းဝန်းရှိပြီဖြစ်သည် ။ ထို့ကြောင့် အိပ်ရတာအပြင် အပေါ့ ၊ အလေးစွန့်ရတာလဲ မသက်သာလှပေ ။ အမြဲလိုလို ဘေးတစောင်းအိပ်နေရတာဖြစ်သည့်အတွက် မနက်နိုးလျှင်ပုခုံးများပင် နာကျင်နေတတ်သည်။ထိုအပြင် ယခုရက်ပိုင်း မနက်နိုးထလျှင် ခြေထောက် ၊ လက်ထောက် များ ဖောယောင်နေတတ်‌သေးသည်။ ဘာအစားစာမှ စားမဝင်တာကြောင့် ကိုယ်အလေးချိန်မှာလဲ သိသိသာသာလျော့ကျလာသည့်အပြင် ပျို့အန်ခြင်းကလဲ ပိုဆိုးလာသည် ။ လူကြီးသူမများ ပြောစကားအရဆိုလျှင်ကိုယ်ဝန် ၅ လ ၆ လ လောက်ဆိုလျှင် ပျို့အန်တာမရှိတော့သည့် အပြင် စားကောင်းသောက်ကောင်း အိပ်ကောင်းဖြစ်သွားလိမ့်မည်။ သို့သော် သူသည် ကိုယ်ဝန် ၈ လကျော်သည်အထိ အအိပ်ပျက်အစားသောက်ပျက်သည့်အပြင် ကိုယ်လက်ကိုက်ခဲမှုကြောင့်ပါ စိတ်မကြည်မသာဖြစ်လာရတော့သည်။

" ‌ဘယ်နားမသက်မသာဖြစ်နေလို့လဲ "

ရှိုင်းမင်းခ ကမေးလာသည်။ မြတ်ဘုန်းပျို ရှိုင်းမင်းခဘက် ညင်သာစွာလှည့်လိုက်ကာ ရင်ခွင်ထဲ မျက်နှာအပ်လိုက်သည်။

" ဒူးရင်းသီးစားချင်တယ် "

"......"

ဒူးရင်းသီးသည် မေ ၊ ဇွန် ၊ ဇူလှိုင်‌လ လောက်မှသာ လှိုင်လှိုင်ပေါတတ်ပြီး ယခုလို ဆောင်းတွင်းဝင်စ အချိန်တွင် ကောက်ရိုးပုံထဲအပ်ပျောက်ရှာသလိုပင် ရှားပါးလွန်းလှသည်။ ထို့အပြင် သူတို့သည် ယခုအချိန်ထိ ပုပ္ပါးတောင်ပေါ်ရွှာလေးတွင်သာရှိနေသေးသည်လေ ။ ဆေးဝါးများရှားပါးသည့်အပြင် အစားအသောက်လည်း မပေါများလှပေ ။ မြတ်ဘုန်းပျို ချင်ခြင်းတက်သမျှ အစားစာများဟာ ရွာတွင်မရနိုင်တာကြောင့် မြို့ကနေလှမ်းမှာပေးရလေ့ရှိသည်။ ရှိုင်းမင်းခ စိုးရိမ်သည့်အရာက မြတ်ဘုန်းပျိုရုတ်တရက်ဗိုက်နာလာမှာကိုပင် ထို့ကြောင့် မြို့သို့ပြန်ရန် အကြိမ်ကြိမ်ချော့ပြောသော်လည်း မြတ်ဘုန်းပျိုသည် ကလေးဆန်စွာပင် ခေါင်းမာမာဖြင့် ရွှာ၌သာနေမည်ကိုပြောကြားလာသည်။

" သတိ - ကြားလူမဝင်ရ " ( Complete)Donde viven las historias. Descúbrelo ahora