part - 15 ( U + Z )

11.6K 519 23
                                    

Unicode

ရန်ကုန်၌

ညမီးလုံး၏အလင်းရောင်မှာ အခန်းအတွင်း ပျံနှံနေသည်။ အခန်းအတွင်းဖွင့်ထားသော Aircon ကြောင့်အပူချိန်မှာ သိသိသာသာကိုလျော့နည်းလျက်ရှိသည် ။ဟန်ဆက်ပိုင်သည် ဆိုဖာပေါ်တွင် ပျင်းရိပျင်းနွဲ့ထိုင်ကာ အရက်သောက်နေခဲ့တယ်။ ဟန်ဆက်ပိုင် သူ့ရှေ့မှာ လက်တော့ပ်တစ်လုံးနှင့်အလုပ်ရှုပ်နေသော ရှိုင်းမင်းခကို အံဩသည့်အမူအယာတစ်စွန်းတစ်စဖြင့်ကြည့်လိုက်သည်။

" ဝါးး.. မင်းခ မင်းအလုပ်ကြိုးစားနေတာဘဲ "

ရှိုင်းမင်းခ တစ်မနက်လုံး ကုမ္မဏိ၌သာအချိန်ကုန်‌နေပြီး ညရောက်လျှင် ဟန်ဆက်ပိုင် ၏ဟိုတယ်၌သာ လာနေလေ့ရှိသည်။ အိမ်ပြန်အိပ်သည်က အလွန်ရှားလှ၏ ။ ပုံမှန်အချိန်များဆိုလျှင် ဟိုတယ်အောက်ဆုံးထပ်တွင်ဖွင့်ထားသော Bar , club ၌ သာအချိန်ကုန်တတ်သော်လည်း ယခုတွင် သူ့မှာရည်မှန်းချက်ရှိနေခဲ့လေပြီ ။ အဖေဖြစ်သူ သင်ပေးသည့် စီးပွားရေးလုပ်ငန်းများကို လျှင်မြန်စွာသင်ယူတတ်မြောက်ပြီး ချစ်ရသူထံ အပြေးသွားဖို့ပင် ၊ သူကိုကို နှင့်ခွဲနေရတာ ဆယ့်လေးရက်တောင်ရှိနေပြီလေ...

" ငါ သဘက်ခါ အောင်ထိုက်တို့ရွာပြန်မယ် "

ရှိုင်းမင်းခ စကားကြောင့် ဟန်ဆက်ပိုင် ပါးစပ်အဟောင်းသားဖြင့် အံအားသင့်သွားတယ်။

" မင်း စီးပွားရေးကိစ္စတွေအကုန်နားလည်ပြီမို့လို့လား "

" မျက်စိမှိတ်သင်ရင်တောင် ဒီလောက်ကအေးဆေးဘဲ "

ရှိုင်းမင်းခ ခေါင်းတစ်ခါခါဖြင့်

" အော် အချစ်ရဲ့စွမ်းအားတွေ .. အချစ်ရဲ့စွမ်းအားတွေ "

ဟုပြော၍ တစ်ခုခု အားစဉ်းစားနေဟန်ဖြင့် တစ်ခနမျှတိတ်ဆိတ်သွားသည်။ပြီးမှ

" အဲ့ရွာကတစ်ယောက်ဆိုတာ အတော်ချောလို့လား "

ဟန်ဆက်ပိုင်အတော်ကိုသိချင်မိသည်။ ညတိုင်းနီးပါးရှိုင်းမင်းခ ဖုန်းပြောသည်ကို သူတွေ့ဖူးသည်။ အချစ်နွံထဲကိုလုံးဝ နစ်မွန်းနေသူတစ်ယောက်ကဲ့သို့ ပြုံးရွှင်ကာ သူလုပ်လေ့လုပ်ထမရှိသော ဝတ္ထုဖတ်ခြင်းကိုပါ စိတ်လိုလက်ရပြုလုပ်ခဲ့သေးသည်။ တစ်ရက်ထဲတောင် မဟုတ်ပေ နေ့တိုင်းနီးပါး ၊ ဘယ်လိုလူမျိုးက ရှိုင်းမင်းခအား ထို့သို့ပြောင်းလဲသွားစေနိုင်တာလဲ ၊ အချစ်ရဲ့စွမ်းအားက အဲ့လောက်တောင်ဘဲလား..သူတကယ်သိချင်မိသည်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now