part - 10 ( U + Z )

13.1K 591 26
                                    

Unicode

အချိန်တွေကဘဲကြာလွန်းနေသလား သူကိုယ်တိုင်ကဘဲစိတ်လောနေတာကြောင့်လား ရှိုင်းမင်းခမသိတော့၊နာရီကြည့်လိုက်တဲ့အခါ ညနေ ၅ နာရီရှိပြီ ၊ မြတ်ဘုန်းပျိုသွားတာ ၃ နာရီကြာနေပြီဖြစ်တယ် ၊ ထိုအချိန်နာရီပိုင်းက သူ့အတွက်တော့ တစ်ဘဝစာကြာနေသလို ခံစားနေရတယ်။

အခုလောက်ဆို ပြန်ရောက်နေသင့်ပြီလေ ဘာကြောင့်ပြန်မရောက်ရသေးတာလဲ ဝင်းဇော်ကိုကို့အား တစ်ခုခုများလုပ်လိုက်တာများ ၊ ရှိုင်းမင်းခ တစ်ယောက်
ရတတ်မအေးဖြစ်နေရတယ်။ အနောက်ကလိုက်သွားတဲ့ ခင်တေးချိုရဲ့ အရိပ်အယောင်လဲ မတွေ့တဲ့အတွက်  ရှိုင်းမင်းခ သူကိုယ်တိုင်လိုက်သွားရန်ပြင်လိုက်တယ်။

ထိုစဉ် အိမ်ထဲဝင်လာသော မြတ်ဘုန်းပျိုနှင့် ခင်တေးချိုအားသူတွေ့လိုက်တယ် ၊ ထိုအခါမှ သူရင်ဘတ်ထဲက အလုံးကြီးမျိုချနိုင်တော့တယ်။

" ကိုကို ! ဘာလို့အဲ့လောက်ကြာနေတာလဲ ! "

သူ့အသံကြားတော့ မြတ်ဘုန်းပျိုက သူ့အား တစ်ချက်မျှ‌ကြည့်ပြီး ချက်ခြင်းအကြည့်လွှဲလိုက်တာကြောင့် စိတ်ထဲမသင်္ကာဖြစ်သွားတယ်။

" ကိုကို ဘာဖြစ်လာတာလဲ "

" ဘာ.. ဘာမှမဖြစ်ပါဘူး "

မြတ်ဘုန်းပျိုရဲ့ အသံကတုန်နေတာကြောင့် ရှိုင်းမင်းခရဲ့ သံသရမှ ပို၍ ကြီးထွားလာခဲ့တယ်။ မြတ်ဘုန်းပျိုသည် ပြန်ရောက်လာကတည်းက သူ့အားမျက်နှာချင်းမဆိုင်သေးတာကြောင့် ရှိုင်းမင်းခ က မြတ်ဘုန်းပျိုရဲ့မှေးဖျားကိုကိုင်ကာ ဆွဲမော့လိုက်တယ်။

" အ့ "

ထိုစဉ်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရှိူင်းမင်းခရဲ့ ဒေါသမှာ စက္ကန့်ပိုင်းလောက်ထိန်းချုပ်မရဖြစ်သွားတယ် ။

" ဒါဘာဖြစ်တာလဲ !! အဲ့ကောင် ကိုကို့ကို ဘာလုပ်လိုက်တာလဲ ! ကျွန်တော်သွားသတ်မယ် အဲ့ကောင်ကို !! "

ရှိုင်းမင်းခက ဒေါသတကြီးအော်ဟစ်လာတာကြောင့် သူကြီး အပြင်အရီးနု နှင့် အောင်ထိုက်ကပါ အိမ်ထဲကပြေးထွက်လာကြတယ် ။

" သတိ - ကြားလူမဝင်ရ " ( Complete)Onde histórias criam vida. Descubra agora