Extra - 5

10.8K 435 63
                                    

[Unicode]

လူ‌တွေဟာ မွေးဖွားလာပြီဆိုကတည်းက ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း နှစ်ခုဒွန်တွဲပြီးမွေးဖွားလာတတ်ကြတယ်လို့ ရှေးလူကြီးတွေက ပြောစမှတ်ရှိခဲ့ကြသည်။  သို့သော်လည်း လောကကြီးဟာ ဘက်လိုက်စွာဖြင့် ကံကောင်းခြင်းသီးသန့် သရဖူဆောင်းထားသော လူများကိုမွေးဖွားပေးခဲ့သလို ကံဆိုးခြင်းဆိုတဲ့ နွံ့ထဲက ရုန်းမထွက်နိုင်တဲ့ လူတွေကိုလည်းမွေးဖွားပေးခဲ့ကြသည် ။ ဦးနိုင်( ခ) နိုင်လင်းရှိုန် ဆိုတဲ့လူတစ်ယောက်ဟာရော ဘယ်အမျိုးစားထဲမှာ ပါဝင်နေနိုင်မလဲ ၊ ကံကောင်းခြင်း သရဖူဆောင်းထားတဲ့ လူတစ်ယောက်လား ၊ ကံဆိုးခြင်းနွံ့ထဲက ရုန်းမထွက်နိုင်တဲ့လူတစ်ယောက်လား...

ဦးနိုင်ဟာ ရှေးရိုးစွဲမိသားစုရဲ့ တစ်ဦးတည်းသောသား ၊ မြေးဦး အဖြစ်မွေးဖွားလာခဲ့တယ် ။ မိသားစုရဲ့ ဦးထိပ်ပန်ရတနာတစ်ခုဆိုလဲမမှားပေ ၊ အကောင်းဆုံးကျောင်း ၊ ဈေးအကြီးဆုံးအသုံးဆောင် တွေကိုမတောင်းတဘဲ ပိုင်ဆိုင်ခဲ့တယ် ၊ ဉီးနိုင်၏ရှေးရိုးစွဲမိသားစုဟာ အကြည့်တစ်ချက်နဲ့တင် လိုချင်သမျှကိုသိမ်းယူနိုင်လောက်တဲ့အထိ  ဩဇာအာဏာကြီးမားပြီး ကြီးကြီးတက်ချမ်းသာသည့် မိသားစုမျိုးဖြစ်သည်။

ဦးနိုင် ( ခေါ် ) နိုင်လင်းရှိုန်ဟာ သူ့ခေတ်သူ့အခါက လူတကာအားကျခံရသည့် လူတစ်ယောက်အဖြစ် ထိပ်ဆုံးကရပ်တည်နေခဲ့သည် ။ မွေးကတည်းက ‌ရွေပင်ပေါ်နား ၊ ရွှေသီးစားပြီးကြီးပြင်းခဲ့ရတယ် ၊ အကောင်းတကာ့အကောင်းဆိုတဲ့အရာတွေကို မတောင်းတဘဲရခဲ့သည်။ ထိုသို့သော ဘဝမျိုးကို ဘယ်သူက အားမကျဘဲနေပါ့မလဲ ၊  ဦးနိုင်ဟာရော ဒီလိုဘဝမျိုးကိုလိုချင်ခဲ့ရဲ့လား..

တနည်းအားဖြင့် လူတွေဟာ အပေါ်ယံကြည့်ပြီး သိပ်ကိုတပ်မက်လွန်းကြတဲ့ သတ္တဝါတွေပေါ့... အထက်ပါဖော်ပြခဲ့သည့်အကြောင်းအရာများနှင့် ဦးနိုင်၏အားကျစရာကောင်းလှတဲ့ဘဝကြောင်းဟာ လူတွေ ဉီးနိုင်အ‌ေပါ် မြင်ရတဲ့ အပေါ်ယံပကာသန‌တွေဖြစ်သည်။ ရှေးရိုးစွဲမိသားစုဖြစ်တာကြောင့် ဦးနိင်၏မိဘများသည် ဂုဏ်သိက္ခာ အတ္တကြီးမားသူများဖြစ်ကြသည် ။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now