Extra - 8

11.7K 422 70
                                    

[Unicode]

Warning ⚠️

Bar သို့ရောက်သည်နှင့် ဦးနိုင် မြင်လိုက်ရသည့်အရာမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေသော ပတ်ဝန်းကျင်တစ်ခုပင် ၊ Bar ထဲရှိ DJ သံဟာလည်းသာမာန်ထပ်တိုးလျနေကာ ၊ မီးလဲ အနည်းငယ်ထိန်လင်းနေသည်။ ဦးနိုင်သည် ရုတ်ရုတ်သဲသဲဖြစ်နေသော ပတ်ဝန်းကျင်အား ဂရုမစိုက်အားသေးဘဲ ခေတ်အားရှာဖို့သာစိတ်လောနေခဲ့သည် ။ မကြာခင်က ဦးနိုင်ဆီပို့လိုက်သော ပုံထဲတွင် ခေတ်မျက်လုံးများဟာ ရီဝေနေတာကြောင့် အရက်ကို မူးအောင်သောက်ထားဟန်ရှိသည် ။ ထို့အပြင် ဝတ်ထားသော အင်္ကျီဟာလည်း ဖရိုဖရဲဖြင့် ဖြူနုပြီးသေးသွယ်နေသည့် ပခုံးသားဟာလည်း အတိုင်းသား... ရောက်နေသည့်နေရာဟာလည်း Gay Bar ဖြစ်နေသေးသည်လေ... ဦးနိုင် သွေးမတော်သားမစက်ပါဘဲ ထိုကလေးအား စိတ်ပူမိသည်။

" လွှတ်စမ်း!! ရွံ့ဖို့ကောင်းလွန်းတယ် "

ခပ်စူးစူးအသံ တစ်ခုဟာ အလုံပိတ် Bar အတွင်းပျံနှံ့လာသလို ဦးနိုင်၏ နားအတွင်းသို့လည်း ချက်ခြင်းဝင်ရောက်လာသည်။ ထိုအသံဟာ ခေတ်အသံမှန်း ဦးနိုင် အတတ်ပြောနိုင်သည်။ထိုနောက် အသံလာရာကို ဦးနိုင်လှည့်ကြည့်လိုက်တဲ့အခါ ရုတ်ရုတ်သဲသဲဖြစ်နေသော လူတစ်စု၏ အလယ်၌ ရပ်နေသည့် သူ၏ကလေးငယ်...

ခေတ်ဟာ မျက်ခုံးနှစ်ခု စုကျုံ့ထား၍ နှုတ်ခမ်းကိုတင်းနေအောင်စေ့ပိတ်ထားသည်။ ခေတ်၏ပုံစံကို ဦးနိုင်မြင်သည့်အခါ အနည်းငယ်တော့ အံအားသင့်သွား၏ ။ သူ ခေတ်ထံတွင်တစ်ခါမှ မမြင်ဖူးသော မာနတရား‌နှင့် ဒေါသအချို့ကို တွေ့လိုက်ရခြင်းကြောင့်ပင်.၊ အမြဲလိုလို သူ့ရှေ့တွင် ခေတ်ဟာ ငိုဖို့နှင့် ချွဲဖို့လောက်ဘဲ တတ်တဲ့ ကလေးမဟုတ်ပါလား...

ဦးနိုင်သည် ခေတ်ရပ်နေသည့်နေရာကိုအမြန်သွားကာ ခေတ်ရှေ့မှ နေ၍တံတိုင်းသဖွယ်ပိတ်ရပ်လိုက်သည်။ ထိုနောက်ခေတ်၏ပါးအား ခပ်ဖွဖွလေးကိုင်ကာ

" ဘာဖြစ်တာလဲ ? "

" ဦးလေးကြီး "

ခေတ်ဟာ ဦးနိုင်အားတွေ့သည်နှင့် အမူအယာချက်ခြင်းပြောင်းကာ ဦးနိုင်မြင်တွေ့နေကြ နူးညံသည့် အပြူအမှုကပေါ်လာသည်။ထို့နောက်ဉီးနိုင်၏ခါးအားဖက်လိုက်၍ ရင်ခွင်ထဲမျက်နှာအပ်လိုက်သည်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now