part - 21 ( U + Z )

12.3K 553 73
                                    

[Unicode]

" မြတ်ဘုန်းပျို "

မန်နေဂျာဖြစ်သူ၏ ခေါ်သံကြောင့် မြတ်ဘုန်းပျို လုပ်လက်စအလုပ်တွေကိုရပ်လိုက်တယ် ။

" ဟုတ်ကဲ့ "

" နောက်နှစ်ပတ်လောက်နေရင် CEOယိမ်း ရဲ့ မင်္ဂလာဆောင်ရှိတယ်၊ အဲ့ပွဲကျရင် ပွဲစီစဉ်ဖို့ ဦးလေးကို ကူညီပေးနိုင်မလား "

CEO ဆိုတဲ့လူကို မြတ်ဘုန်းပျို ရံဖန်ရံခါတွေ့ဖူးသည်။  Company ကိုအလာနည်းသော်လည်း လာသည့်အချိန်တိုင်းတွင်နံဘေး ၌အရပ်ရှည်ရှည် ခံ့ညားသည့်အသွင်အပြင်ရှိသော ကောင်လေးတစ်ယောက်အမြဲပါတတ်သည်။

" ဟုတ်ကဲ့ ကူညီပေးပါ့မယ် "

" CEO ယိမ်းကိုတော့ မင်းသိပ်တွေ့ဖူးမှာမဟုတ်ဘူး သူကစီးပွားရေးကိုအဓိကလုပ်တာဆိုတော့ Hotel ဘက်ကိုသိပ်မလှည့်နိုင်ဘူး သူ့လက်ထောက်နဲ့ဘဲ hotel ကိစ္စတွေအကုန်လက်လွှဲထားတာ "

" CEO ယိမ်းဆိုတာ အသားဖြူဖြူ ပါးချိုင့်လေးနဲ့မလား ကျွန်တော်တွေ့ဖူးတယ်ထင်တယ် ၊ သူလာရင်သူ့ဘေးမှာ အရပ်ရှည်ရှည် နဲ့ခပ်ချောချောကောင်လေးတစ်ယောက်အမြဲပါတယ်လေ "

မန်နေဂျာက ထောက်ခံဟန်ဖြင့်ခေါင်းညိမ့်ပြလာကာ

" အေးဟုတ်တယ် ၊ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင်လေ "

မန်နေဂျာ စကားကြောင့်မြတ်ဘုန်းပျိုအံဩသွားတယ်၊ ယောင်္ကျားလေးနှစ်ယောက်ရဲ့ မင်္ဂလာပွဲတဲ့လား ၊ သူ့စိတ်ထဲ၌ ကြည်နူးမိသွားပြီး ရှိုင်းကိုပြေးမြင်မိသွားတယ် ၊ သူတို့နှစ်‌ယောက်ရော တစ်ချိန်အဲ့လို လက်ထပ်ဖြစ်နိုင်လောက်လား .. တွေးရင်းပြုံးလိုက်မိတယ် ။
____

ဟန်ဆက်ပိုင် ဆိုင်ကယ်ကိုရပ်ကာ ဒေါက်ထောင့်၍ helmet ကိုချွတ်လိုက်သည်။ ထိုနောက် သူ့ရှေ့က အဆောက်အဦးအဟောင်းကို အကဲခတ်ဟန်ဖြင့်ကြည့်လိုက်တယ်။ သူ့အကိုဘာစိတ်ကူးနဲ့များ ဒီလိုအဆောက်အဦးဝယ်ပြီး သူ့ကိုပေးလိုက်လဲ စဉ်းစားမရပေ။  မကောင်းကျောင်းပို့ဆိုတဲ့အတိုင်း တွေ့သမျှ အဆောက်အဦးဟောင်းတွေဝယ်ပြီး သူ့လက်ထဲကိုဘဲ ထည့်တတ်တဲ့ သူ့အကိုရဲ့စိတ်ကိုလိုက်မမှီတော့ပေ။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now