Extra - 3

11.1K 435 27
                                    

[Unicode]

ဟန်ဆက်ပိုင်သည် စိတ်ထဲအတော်လေးလံနေသလိုခံစားနေရတာကြောင့် ရှေးရတုအတွက် Green tea တစ်ခွက်သာဝယ်ပြီး ဆိုင်ကယ်အားအပြင်းနှင်ကာ ဆေးခန်းသို့အမြန်ပြန်လာခဲ့သည်။ သို့သော်လည်း ဆေးခန်းမရောက်ခင်အချိန်တွင် ရဲဝန်ထမ်းများ၏တားဆီးခြင်းကိုခံလိုက်ရသည်။ ဆိုင်ကယ်မောင်းခဲ့သည့် သူ့ဘဝတစ်လျှောက်လုံး စစ်‌ဆေးမေးမြန်းခြင်းမခံခဲ့ရပေမယ့် ယနေ့တွင်တော့ ဝတ်စုံအပြည့်ဝတ်ထားသော ရဲများက သူ့ဆိုင်ကယ်ရှေ့တွင် တားဆီးကာထူးဆန်းစွာ စစ်ဆေးမေးမြန်းနေခဲ့သည်။

" လိုင်စင်လေးတစ်ချက်လောက်ပြပါ "

" ..... "

ဟန်ဆက်ပိုင်သည်ပို၍ပင် စိတ်ထဲလေးလံထိုင်းမှိုင်းလာခဲ့သည်။သူဘယ်အရာကိုမှစိတ်မရှည်ချင်တော့ပေ ။

" ဘေးဖယ် "

အေးစက်တည်ငြိမ်ပြီး အမိန့်ပေးဟန်ပေါ် နေသည့်လေသံဟာ ရှင်းလင်းစွာထွက်ပေါ်လာသော်လည်း ထိုရဲဝန်ထမ်းများသည် မကြားချင်ယောင်ဆောင်ကာ

" ကျွန်တော် တို့လဲတာဝန်အရမို့ပါ ၊ ပူးပေါင်းပေးပါအုံး "

ဟန်ဆက်ပိုင်သည် ဆောင်းထားသည့်ဆိုင်ကယ်ဦးထုပ်အားချွတ်လိုက်ကာသက်ပြင်းချလိုက်သည်။

" ထပ်ပြောမယ်‌ ဘေး...ဖယ် "

တစ်လုံးချင်းစီကို တိကျပြတ်သားစွာပြောလာခဲ့သည်။ထိုရဲများသည် ဖယ်ပေးရန် အနည်းငယ်တွန့်ဆုတ်နေလေ၏ ။ ထို့နောက် ဟန်ဆက်ပိုင်၏ ကျယ်လောင်သောဆိုင်ကယ်လီဗာသံအားကြားလိုက်ရသည့်အခါမှ အလျှင်အမြန်ဘေးသိူကပ်ကာ ဖယ်ပေးလာသည်။ ဟန်ဆက်ပိုင်သည် ဆိုင်ကယ်လီဗာအားခပ်ပြင်းပြင်းဆောင့်ဆွဲကာ မိုင်ကုန်တင်၍ မောင်းနှင်လာခဲ့သည်။

ထိုရဲဝန်ထမ်းများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စိတ်သက်သာရာရသည့်အမှုအယာမျိုးလုပ်လာကြသည်။

" ဟူး.. အဲ့တစ်ယောက်ကိုဘေးမဲ့လွှတ်ထားဖို့အထက်က ဝန်ကြီးတစ်ယောက်ကပြောထားတယ် ၊ အဲ့တစ်ယောက်ရဲ့အကိုက ဝန်ကြီးရဲ့ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်မို့ဆိုလားဘဲ ... "

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now