part - 30 ( U + Z )

13.1K 560 44
                                    

[Unicode]

" ရှေးလို့ခေါ်ရတာ သဘောကျရင် ရှေးလို့ဘဲခေါ်ပါ ၊ အကို့နာမည်အရင်းကို သိထားပေးရင်ဘဲကျေနပ်တယ် "

ဟန်ဆက်ပိုင် သူ့ hoodie ကိုဝတ်ထားတဲ့ ရှေးရတုအား ငေးကြည့်နေမိတယ် ။

" ရှေးရတု ဖြစ်ဖြစ် စွမ်းရောင်စဉ်ဖြစ်ဖြစ် ကျွန်တော့်အတွက်ကတော့ အကိုက ကျွန်တော့်ဘဝရဲ့ တန်ဖိုးအထားရဆုံးလူတစ်‌ယောက်အမြဲဖြစ်နေမှာ အဲ့တာကိုတော့ယုံပေး "

"...."

သူယုံသင့်လားဆိုတာရှေးရတုမသိပေ ။ သူ့ဘဝ မှာသူ့ကိုတန်ဖိုးထားခဲ့တာ အမေ တစ်ယောက်ဘဲရှိခဲ့တယ် ။ သူ့ရဲ့တစ်ဦးတည်းသော အမေဆုံးပြီး မကြာခင်မှာလဲ အဖေက အသက်ငယ်ငယ်ရွယ်ရွယ်မိန်းမတစ်ယောက်ကိုခေါ်လာခဲ့တယ် ။ ပြီးတော့ မေမေအသစ်ဆိုပြီးမိတ်ဆက်ပေးခဲ့တယ် ၊ အဲ့တုန်းက သူ ငယ်သေးသည့်အတွက် မိခင်အရင်းလိုဘဲ သူ့အပေါ်ချစ်ခင်ပေးမည်ဟုထင်ခဲ့မိတာ သူ့အမှားပေ ၊ ဖေဖေ ဆုံးပြီးသိပ်မကြာခင်ဘဲ မေမေအသစ်က သူ့ကို ဦးနိုင်ဆီမှာထားရစ်ခဲ့တယ် အဲ့အချိန်ကစပြီး သူ့ဘဝမှာ လူ့အခွင့်‌ရေးဆိုတာမရှ်ိတော့တာဘဲ ။ သူ့မိဒွေးအကြိုက်လိုက်ရင် သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံမှာဘဲ ၊ ဦးနိုင်အကြိုက်လိုက်ရင် ကောင်းကောင်းမွန်မွန်ဆက်ဆံတာခံရမှာဘဲဆိုပြီး သူတို့အလိုကျနေပေးခဲ့ပေမယ့် ပြန်ရလိုက်တာက တိတ်တခိုး ငိုရတဲ့အချိန်တွေဘဲ။

မျှော်လင့်ထားတဲ့အရာတွေ တကယ်မဖြစ်လာခဲ့ရင် ပိုကြေကွဲရတယ်မဟုတ်လား သူနောက်တစ်ခါ မကြေကွဲချင်တော့ပေ ဘယ်သူ့ကိုမှလဲ မယုံကြည်ရဲတော့‌ဘူး ၊ အကယ်၍ ဟန်ဆက်ပိုင်အပေါ် သူအများကြီးမျှော်လင့်နေမိပြီး အဲ့မျှော်လင့်ထားတဲ့အရာတွေက ဖန်ခွက်တစ်ခုလိုကျကွဲပြီး တကယ်ဖြစ်မလာခဲ့ရင် သန်မာချင်ယောင်ဆောင်ထားတဲ့ သူ့ရဲ့ပုံရိပ်လေးလုံးဝ ပြိုကွဲသွားလိမ့်မယ်။ ဒါဟာ သူအသက်ရှင်ဖို့အတွက် ကိုယ့်ကိုကိုယ်ကာကွယ်နေခြင်းမျိုးသာဖြစ်တယ် ။ ပိုင်ကတကယ့်လူကောင်းလေးဆိုတာလဲ သူသိတယ်.. ဒါပေမယ့် ဘယ်သူ့ကိုမှ ထပ်မယုံရဲတာတော့ သူ့အမှားမဟုတ်ဘူးမလား...

ဘာအသံမှပြုမလာတာကြောင့် ဟန်ဆက်ပိုင်သည်ရှေးရတုအားထပ်မံငေးကြည့်နေမိပြန်တယ်။ သူ့ကိုသူတောင်သတိမထားမိပေ။ မျက်လုံး ၊ နှာတံချွန်ချွန် ၊ ထို့နောက် နှုတ်ခမ်းထောင့်စွန်းကမှဲ့နက်လေး...နှုတ်ခမ်း..

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now