Extra - 7

10.3K 407 79
                                    

[Unicode]

‌ထိုနေ့က ခေတ်သည် ဦးနိုင်အားဖွင့်ပြောခဲ့သည် ။ ဦးနိုင်ဟာခေတ်သည် ကလေးဖြစ်တာကြောင့် စိတ်ကစားနေတာဖြစ်နိုင်သည်ဟုတွေးပြီး ရက်ပိုင်းအတွင်း ချစ်ကြိုက်လာဖို့မဖြစ်နိုင်ဟုဆိုကာ ခေတ်၏ ချစ်စကားအားမသိချင်ယောင်ဆောင်ခဲ့သည်။ သူလုံးဝငြင်းဆိုလိုက်ခြင်းမဟုတ်သော်လည်း ခေတ်၏ ပိုးပန်းမှုကို လုံးဝလျစ်လျူရှုထားခဲ့သည်။ လူကသာ လျစ်လျူရှုနိုင်သော်လည်း နှလုံးသားကတော့ ခေတ် ထံတွင်ရုန်းထွက်မရအောင် နစ်မွန်းနေသည်ကိုတော့ ဦးနိုင်သူ့ကိုသူမရိပ်မိသေးပေ။

ခေတ်ဟာလည်း တော်ရုံနှင့်လက်မလျော့တတ်သောလူစားမျိုးပင် ၊ ဦးနိုင် ဘယ်လောက်ပင် သူ့အပေါ်လျစ်လျူရှုခြင်းဆက်တိုက်လုပ်နေပါစေ မလျော့သောဇွဲဖြင့် ဦးနိုင်အနားတိုးကပ်စမြဲပေ ၊ နေ့တိုင်းလိုလို ဦးနိုင်အိမ်တွင်သာ အချိန်ဖြုန်းလေ့ရှိပြီး ဦးနိုင်ကြိုက်တတ်သည့်အရာများကို မတတ်တစ်ခေါက်ဖြင့် ချက်ပြူတ်လေ့ရှိသည် ။ လက်တွင်လဲ ထိရာရှရာ မနည်းမနော ၊ ဉီးနိုင်တွေ့မှာစိုး၍ သူ့လက်အား အမြဲလိုလို ဖွက်ထားသေးသည်။

ဦးနိုင်သည် စာကြည့်ခန်းထဲ၌ ထိုင်ကာ အလုပ်ပရောဂျက်များကို စစ်ဆေးနေသည်။ မျက်လုံးများက computer ပေါ်တွင်သာရှ်ိသော်လည်း စိတ်က အခန်းအပြင်ဘက်ကကောင်လေးဆီကိုသာရောက်နေခဲ့သည်။ ထို့ကြောင့် စာကြည့်ခန်းတံခါးအားအနည်းငယ်ဟ ကာ အပြင်ဘက်မှအသံကို နားစွင့်လိုက်သည်။

"....."

တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။ ကလေး ပြန်သွားပြီလား ? ဦးနိုင် နာရီကိုကြည့်လိုက်သည် ၊ ည ၈ နာရီဖြစ်နေပြီ ဖြစ်သည့်အတွက် ခေတ်ပြန်သွားတာ ဖြစ်နိုင်သည်ဟု တွေးလိုက်မိချင်သော်လည်း ခေတ်မပြန်သေးသည်ကို ဦးနိုင်စိတ်ထဲတွင် အလိုလိုသိနေမိသည်။ အကြောင်းမှာမူ ခေတ်သည် အိမ်ပြန်ခါနီးဆိုလျှင် ဦးနိုင်အား နှုတ်ဆက်လေ့ရှိပြီး ထိကပါးရိကပါးလုပ်လေ့ရှိသောကြောင့်ဖြစ်သည်။

* ဂလုံ! ခလွမ်း! ခွမ်း!*

" အား..."

အိုးသံခွက်သံတွေနောက်တွင် ကပ်ပါလာသော အော်သံတစ်ခု ၊ အပြင်ဘက်ကို နားစွင့်နေသော ဦးနိုင်သည် ထိုအော်သံကြားသည့်အခါ ခေတ်၏အော်သံမှန်းချက်ခြင်းသိလိုက်သည် ၊ ဦးနိုင်သည် ရုတ်ချည်းဆိုသလို ခုံပေါ်မှာထကာ အသံလာရာအောက်ထပ်မီးဖိုဆောင်ထဲသို့ တဟုန်ချည်း ပြေးဆင်းသွားသည်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now