part - 20 ( U + Z )

12.6K 557 43
                                    

[Unicode]

ဟန်ဆက်ပိုင် ဘာကြောင့် " sorry " ဟုပြောပြီးအခန်းအပြင်ထွက်ခဲ့ရတာလဲဆိုတာကို သူကိုယ်တိုင်ပင် နားမလည်တော့ပေ။ ဒါသူပိုင်တဲ့ရုံးခန်းမဟုတ်ပါလား ၊ အမှန်က sorry ပြောရမှာ သူ့ရုံးခန်းထဲမှာ မဖွယ်မရာလုပ်နေသော ဟိုနှစ်ယောက်က ပြောသင့်တာမဟုတ်လား၊ ဟန်ဆက်ပိုင် မတရားသလိုခံစားလိုက်မိတာကြောင့် အံကြိတ်ကာ အခန်းတံခါးကို ဖွင့်ရန်ပြင်လိုက်သော်လည်း အဆုံး၌သူမဖွင့်ရဲခဲ့ပေ ။ သူဖွင့်လိုက်တဲ့အချိန် အမြင်အပ်တာတွေ မြင်ကုန်မှာသူစိုးထိတ်လှသည်။

သူအသက်ကိုတစ်ဝကြီးရှုသွင်းပြီး ခပ်ဖြေးဖြေးပြန်ထုတ်လိုက်တယ် သူ့အရှက်နဲ့ ဒေါသတွေ ရှုထုတ်လိုက်တဲ့လေထဲ ပါသွားလိုပါသွားငြားဟူ၍ ၊ ထိုနောက် သူဘေးပတ်ပတ်လည်ကိုကြည့်လိုက်တယ် ၊ သူအခုဘယ်သွားရမလဲ ၊ သူ့တွင်အနားယူစရာသူ့ရဲ့ ချစ်လှစွာသောရုံးခန်းလေးဘဲရှိသည်လေ ၊ club ထဲလဲမသွားချင်ပေစိတ်ရှုပ်ဖို့ကောင်းလွန်းသည်။ Bar သွားထိုင်ရင်ကောင်းမလားဟု တွေးမိပြန်တော့လဲ ခုနက သူ့အကိုရဲ့ သူငယ်ချင်းတွေကို တွေ့လိုက်သည် သူမသွားချင်ပေ ၊ မဟုတ်လျှင် ဆွေမျိုးဆက်တာခံနေရပေအုံးမည်။ ဟန်ဆက်ပိုင် စိတ်ပျက်လက်ပျက်ဖြင့် ‌တံခါးရှေ့ဆောင့်ကြောင့်ထိုင်ချလိုက်တယ် ၊ အထဲကနှစ်ယောက်ကိစ္စပြီးမှဘဲ ဝင်ပါတော့မယ်ဟူ၍

_____

ရှိုင်းမင်းခ တံခါးဖွင့်သံနဲ့ ပိတ်သံကိုကြားလိုက်ပေမယ့် သူဂရုမစိုက်ပေ။ဟန်ဆက်ပိုင်မှ လွဲ၍ ဒီအခန်းထဲဝင်တဲ့သူဘယ်သူရှိအုံးမှာလဲ ..

ရှိုင်းမင်းခ နမ်းနေသည့်အချိန်‌တွင် မျက်လုံးမမှိတ်ထားပေ ၊ တစ်ဖက်လူရဲ့အမှုအယာတစ်ခုချင်းစီကို အသေးစိတ်ကြည့်ချင်တာကြောင့် သူမျက်လုံးများကိုဖွင့်ထားခဲ့တယ်။ ထူထည်းလှတဲ့ မျက်တောင်ရှည်တွေနဲ့၊ ပါးပြင်ပေါ်က မှဲ့နက်လေးကို သူအနီးကပ်မြင်တွေ့နေရတယ်။ သူမက်မောစွာနမ်းရှိုက်နေရသော်လည်း သူဒီ့ထပ်ပိုလိုချင်နေမိသည်။ သူနမ်းနေရင်းနှင့်ပင် သူစိတ်ထဲ၌ ဖယောင်းတိုင်မီးအောက်တွင်နမ်းနေသော လူနှစ်ယောက်ပုံ  ရိပ်ခနဲပေါ်လာခဲ့တယ်။ ထိုပုံရိပ်နှင့် အတူသူ့ခေါင်းလဲတဆစ်ဆစ်ကိုက်လာတာကြောင့် မြတ်ဘုန်းပျိုအား နမ်းနေခြင်းကိုရပ်လိုက်ပြီးနာကျင်မှုကြောင့် မျက်မှောင်ကျုံ့ကာ နားထင်ကိုလက်ဖြင့်ဖိလိုက်တယ်။

" သတိ - ကြားလူမဝင်ရ " ( Complete)Donde viven las historias. Descúbrelo ahora