part - 31 ( U + Z )

12.6K 539 42
                                    

[Unicode]

မြတ်ဘုန်းပျို ကိုယ်လက်ဆေးကြောကာ အခန်းပြင်ထွက်လာပြီး ရှိုင်းမင်းခ တို့ပြန်လာလျှင် စားသောက်ဖို့အတွက် ထမင်းဟင်းချက်ရန် မီးဖိုဆောင်ထဲသို့တန်းဝင်သွားတယ် ။ ထိုအချိန်ထိ ဧည့်ခန်းထဲတွင်ထိုင်နေသော ရှေးရတုအားသူသတိမပြုမိသေးပေ ။ ရှိုင်းမင်းခ နှင့်အတူ ဟန်ဆက်ပိုင်နှင့်ဧည့်သည်ပါ လိုက်သွားသည်ဟုထင်မှတ်နေပုံရသည်။

မြတ်ဘုန်းပျို သီချင်းတညီးညီးဖြင့် ရေခဲသေတ္တာကိုဖွင့်လိုက်တယ် ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ ၊ ကြက်ရင်အုံသား စသည့်ဟင်းလျာအတွက်အလိုရှိသော အရာများကိုထုတ်လိုက်တယ် ။ အရည်သောက်အတွက်ဟင်းချိုလုပ်ရန် ဂေါ်ဖီထုတ် ယူဖို့လဲမမေ့ပေ။ ထို့နောက်မနေ့ကမှ ဝယ်ထားသည့် လတ်ဆတ်သောဆော်လမွန်ငါးအားကြော်ရန်အတွက် ထောပတ်ဆီခဲအနည်းငယ်ကိုယူပြီး မီးအပူပေးထားသော အိုးထဲထည့်လိုက်တယ် ။ ထောပတ်ဆီပျော်သွားပြီးပွတ်ပွတ်ဆူလာသည့်အခါ ဆော်လမွန်ငါးအားညင်သာစွာ အိုးထဲထည့်လိုက်တယ်။ ဆော်လမွန်ဆိုသည့်ငါးသည် ဈေးကြီးသလို အလွန်လဲနူးညံသောအသားဖြစ်တာကြောင့် ကြေမွပြီးပုံမပျက်သွားစေရန် အာရုံစိုက်ကာ အသေချာကြော်‌နေရသည်။

" အာ ဟိုလေ "

အနောက်မှ ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် မြတ်ဘုန်းပျိုအလန့်တကြားဖြင့် ဆီစိုနေသည့် သံယောင်းမအားခါလိုက်သည့်အခါ ဆီပူများလက်ကိုစင်သွားသည်။

" အမေ့ !! "

မြတ်ဘုန်းပျိူသည် အိမ်၌ သူတစ်ယောက်ဘဲ ကျန်နေခဲ့သည်ဟု ထင်မှတ်နေမိတာကြောင့် ဟင်းချက်သည့်နေရာတွင်သာ သူ့ရဲ့အာရုံအလုံးစုံကိုစိုက်ထားမိသည်။ ထို့ကြောင့် အသံကြားလိုက်ရသည်အခါ လန့်သွားခြင်းဖြစ်တယ် ။

မြတ်ဘုန်းပျိုလှည့်ကြည့်လိုက်တဲ့အခါ မီးဖိုဆောင်အဝင်ပေါက်တွင်သူ့အားခေါင်းပြူကာ ပြုံးပြီးကြည့်နေတဲ့ ရှေးရတုကိုတွေ့လိုက်တယ်။

" ဆီပူစင်သွားတာလား၊ အာ.. ကျွန်တော် ရုတ်တရက်မခေါ်လိုက်သင့်ဘူး"

ရှေးရတု အားတုံ့အားနာဖြင့်ပြောလာတယ် ။

" ရပါတယ် ဘာမှမဖြစ်ဘူး ၊ ဟန်ဆက်ပိုင်တို့နဲ့ လိုက်သွားတယ်ထင်တာ "

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now