part - 24 ( U + Z )

11.8K 505 31
                                    

[Unicode]

ရှေးရတု  ခြေလှမ်းအနည်းယိုင်သွားပြီး နားတစ်ဖက်အူထွက်သွားတယ် ။ အတော်ကြာသည်အထိ အရိုက်ခံလိုက်ရသည့် ဘက်အခြမ်းမှ နားဟာ ပတ်ဝန်းကျင် အသံမှန်သမျှကို လက်မခံတော့ပေ။ ဒီလိုမျိုး အရိုက်ခံရတာ သူ့အတွက်ပထမဆုံးမဟုတ်သော်ငြားလည်း အခုချိန်တွင် သာမာန်အချိန်တွေ ထပ်ပိုထိတ်လန့်နေခဲ့တယ် ။ ဦးနိုင် သူ့ဖုန်းအားယူသွားသည်လေ။

ရှေးရတု နာနေတဲ့ပါးပြင်အား ဂရုမစိုက်အားဘဲ ဦးနိုင် ဆီမှဖုန်းအား အရဲစွန့်၍ ပြန်တောင်းလိုက်တယ် ။

" ဉီးနိုင် .. ကျွန်တော့်ကို ဖုန်းပြန်ပေးပါ "

" ဒီဖုန်းဘယ်ကရတာလဲ ! "

ရှေးရတု အမှန်တိုင်းပြောလို့မဖြစ်ပေ။ ဟန်ဆက်ပိုင် နှင့် သူ့ရဲ့ခင်မင်မှုအားသိလျှင် အိမ်ထဲကအိမ်ပြင်ထွက်ခွင့်ပါပိတ်သွားမှာကို သူစိုးရိမ်လှသည်လေ ။ ဆေးခန်းဖွင့်ချိန် သုံးနာရီ ရဖို့အတွက်တောင် သူခက်ခက်ခဲခဲတောင်းဆိုခဲ့ရသည်‌မဟုတ်လား လွယ်လွယ်နှင့်တော့ သူ့ရဲ့ရှားပါးလှတဲ့ လွတ်လပ်ချိန်လေးအား မဆုံးရှံးချင်ပေ။

" ကျွန်တော့်ဘာသာဝယ်ထားတာ "

ရှေးရတု ငယ်စဉ်အရွယ်ကတည်းက ဦးနိုင်အား လိမ်ညာဖူးတာတစ်ခုမှမရှိသည့်အတွက် တုန်ရင်နေသည်။ မျက်လုံးကလဲဂနာမငြိမ်ပေ ။ ဦးနိုင်သည် ရှေးရတုအကြောင်း အူမချေးခါးအထိ နှောကြေနေဟန်ရှိသည်။ ရှေးရတု၏ အဖြေစကားအားကြားသည့်အခါ အနားသို့ကပ်လာ၍ မျက်နှာကို အားဖြင့်ညှစ်လိုက်သည်။

" လိမ်ပြန်ပြီလား "

ဦးနိုင်သည် အံကြိတ်ကာပြောလာတာကြောင့် လေသံမှာ အလွန်ခတ်ထန်နေသည်။

" မဟုတ်.. ကျွန်တော်မလိမ်... "

* ဖြောင်း *

စကားပင်မဆုံးသေး ပါးပြင်ပေါ်ထပ်မံရောက်ချလာတဲ့ နာကျင်မှုကြောင့် ရှေးရတုဖင်ထိုင်ရပ်ပြုတ်ကျသွားတယ်။သွေးညှီနံ့ကပါ ခံတွင်းထဲ ပျံ့နှံ့သွားတယ် ။ စကားပြောနေသည့်အချိန် လျပ်တပြတ်အရိုက်ခံလိုက်ရတာကြောင့် နှုတ်ခမ်းအားကိုက်မိသွားသည်နှင့်တူသည်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now