part - 35 ( U + Z )

19.1K 568 87
                                    

[Unicode]

" Congratulations ပါ အမွှာလေးတွေရဲ့ အဖေ "

ဆရာဝန်ပြောလိုက်သော စကားစုဟာ ရှိုင်းမင်းခ၏ ဦးနှောက်မှတစ်ဆင့် သူ့အသွေးအသားကို ဖြတ်သန်းကာ နှလုံးသားဆီသို့ တစ်လုံးတစ်ရင်း အထိန်းကွပ်မဲ့စွာဝင်ရောက်လာခဲ့သည်။ ထိုသို့ဝင်ရောက်လာခြင်းသည် သူ့အား ကြည်နူးမှူ ဝမ်းသာမှု ဂုဏ်ယူမှု အစရှိသော အမည်မဖော်ပြတတ်သော ခံစားချက်ပေါင်းစုံဖြစ်ပေါ်စေပြီး သူ့မျက်ဝန်းမှတစ်ဆင့် မျက်ရည်စများအဖြစ် ပါးပြင်ပေါ်စီးကျလာတယ်။

" မောင် "

အငိုမျက်လုံးဖြစ်နေသော ရှိုင်းမင်းခ ကို မြတ်ဘုန်းပျိုတွေ့လိုက်ရသည့်အခါ..

" ဘာလို့ငိုနေတာလဲ "

ရှိုင်းမင်းခ ခေါင်းကိုအပေါ်မော့ကာမျက်နှာကျက်ကိုကြည့်၍ မျက်တောက်ခပ်စိတ်စိတ်ခတ်လိုက်သည်။ နောက်ထပ်ကျလာမည့် မျက်ရည်စများအား တားဆီးလို့ရလိုရငြားဟူ၍

" မောင်....မောင် ဝမ်းမသာသင့်ဘူးဆိုတာကိုသိပေမယ့် "

ရှိုင်းမင်းခသည် ပြတ်တောင်း‌တောင်းအသံဖြင့် ဆို့နစ်စွာ ပြောလာတယ် ။

" ဘာလို့ ဝမ်းမသာသင့်ရမှာလဲ မောင့်ရဲ့အသွေးသားဘဲလေ ဝမ်းသာသင့်တာပေါ့ "

" ဒါပေမယ့် ကိုကိုကိုနာကျင်စေလိမ့်မယ် အခုဆို အသေးလေးက နှစ်ကောင်တောင်တဲ့ဗျာ .. "

ရှိုင်းမင်းခ၏ နှုတ်မှ ထွက်လာသောစကားကြောင့် မြတ်ဘုန်းပျိုအပြင် ဆရာဝန်‌ပါ ခပ်ပြုံးပြုံးဖြစ်သွားသည်။ မြတ်ဘုန်းပျိုသည် မြတ်နိုးစွာပြုံးလိုက်ကာ ရှိုင်းမင်းခလက်အား တင်းကြပ်စွာ ဆုတ်ကိုင်လိုက်သည်။

" ကိုကို ကမင်းထင်ထားတာထပ် သန်မာပါတယ် "

" မောင်.. စိတ်မချဘူး "

တစ်ချိန်လုံး နံဘေးတွင်ရှိနေသော ဆရာဝန်က ထိုအခါမှ သူတို့ဆေးရုံ၏ ကောင်းကြောင်းကို ဂုဏ်ဖော်ကာ ပြောလာတော့သည်။

" အာ ကျွန်တော်တို့ဆေးပညာနဲ့ ပတ်သတ်ပြီးတော့ စိတ်မချဖြစ်စရာမရှိပါဘူး ၊ ဆေးရုံမှာ သုံးသမျှ ပစ္စည်းကိရိယာတွေက နောက်ဆုံးပေါ်တွေချည်းဘဲ အဲ့အပြင် ဒီဆေးရုံက ဆရာဝန်တွေက နိုင်ငံခြားမှာ ဆေးပညာကိုကျွမ်းကျွမ်းကျင်ကျင်သင်ခဲ့တဲ့သူတွေချည်းဘဲ ၊ ကိုယ်ဝန်ဆောင်လေးကို ကျွန်တော်‌တို့ဆီ စိတ်ချလက်ချသာအပ်လိုက်ပါဗျာ "

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now