part - 7 ( U + Z )

13.5K 665 22
                                    

Unicode

စားသောက်ပြီးသည်နှင့် နာရီဝက်မျှခရီးဆက်ပြီးသည့်အခါ ပုပ္ပါးတောင်ကလပ်သို့ရောက်ရှိလာခဲ့ကြသည်။
ပုပ္ပါးတောင်ကလပ်သည် သာမာန်အချိန်များတွင်ပါ အမြဲလိုလိုစည်ကားနေတတ်သည်။ အညာဒေသထွက် လက်ဆောင်ပစ္စည်းအရောင်းဆိုင်များနှင့် အညာ‌ဒေသလက်ရာ စားသောက်ဆိုင်များ၊ထမင်းဟင်းဆိုင်များလည်းရှ်ိသည်။ ထို့အပြင် တောင်ကလပ် ပေါ်သို့တက်ရာ  အုတ်လှေကားတစ်လျှောက်   ဘေးတစ်ဖက်တစ်ချက်စီတွင်  သဘာဝအတိုင်း လွတ်လပ်စွာ ခုန်ပေါက်ပျော်မြူးနေသော မျောက်များအတွက် အစာရောင်းသူများလည်းရှ်ိသည်။

" ရှိုင်းမျောက်စာကျွေးချင်လား "

မြတ်ဘုန်းပျိုက ရှိုင်းမင်းခအားမေးလိုက်သည်။

" ကိုကို့သဘော "

တောင်ကလပ်တက်ရာအုတ်လှေကားမှာ အနည်းငယ်ကျဉ်းမြောင်းသည့်အတွက်ကြောင့် လူများတွန်းတိုက်လျှက်ရှိသည်။ ရှိုင်းမင်းခသည် မြတ်ဘုန်းပျိုလက်အားတင်းကြပ်စွာကိုင်ထားကာ လူအများ၏ဝင်တိုက်မှုကို ဂရုတစိုက်ရှောင်ဖယ်နေသည်။ မြတ်ဘုန်းပျိုသည် ရှိုင်းမင်းခဆုတ်ကိုင်ထားသော သူ့လက်မှာ နာကျင်လာတာကြောင့် ရှိုင်းအားကြည့်လိုက်တဲ့အခါ သူ့အသားအား အခြားလူလာထိနေသည်ကို မကြိုက်သည့်ဟန်ဖြင့် မျက်မှောင်ကျုံ့ထားတာကိုတွေ့လိုက်တယ်။ မဟုတ်မှ ရှိုင်းကလူများ‌တဲ့နေရာတွေဆိုမကြိုက်တာများလား...

မြတ်ဘုန်းပျို ကရှိူင်းမင်းခ၏လက်အားဆွဲကာ မျောက်စာရောင်းနေသည့် အဒေါ်ကြီးဘေးသို့ဆွဲခေါ်လိုက်တယ်။ထိုနေရာက လူအနည်းငယ်ရှင်းသည်လေ..

" ရှိုင်း "

" ဗျာ "

" ရှိုင်းလူများတဲ့နေရာတွေကို မကြိုက်ဘူးလား "

သူမကြိုက်စရာအကြောင်းမရှိပေ ။ ရန်ကုန်မှာဆိုလျှင် နေ့တိုင်းနီးပါး bar သွား club တက်နေသည့်အတွက် လူများသည့်နေရာက သူ့အတွက်အထူးအဆန်းမဟုတ်ပေ။ သူမကြိုက်သည်က သူ့အသားအားလာထိနေခြင်းပေ။

" မဟုတ်ပါဘူး ကျွန်တော့်အသားကိုလာထိနေတာကိုမကြိုက်တာ "

" အာ "

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now